်
Friday, August 16, 2013
ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည့် ထိုင်း ချန်ပီယံရှစ် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မြန်မာ ကစားသမား ရှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်က ပြောကြားသည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား ၂၂ မျိုး ကျင်းပမည် ဖြစ်ရာ အမျိုးသားကစားသမား
လေးဦးက မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ အပြေးပြိုင်ပွဲ၊ ကြိုးတပ် သံလုံးပစ် ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီး အားက
စားသမား လေးဦးက မီတာ၂၀၀အပြေးပြိုင်
ပွဲ၊ လှံတံပစ် ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်၊ ကြိုးတပ် သံလုံးပစ် ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပသည့် ယင်းပြိုင်ပွဲတွင် အာရှဒေသ အားကစား အင်အားကြီး နိုင်ငံများနှင့် ဥရောပ နိုင်ငံများက ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိရာ နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၁၂
ခုနှစ်တွင် မြန်မာအသင်းက မီတာ ၅၀၀၀ လမ်းလျှောက် ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုနှင့် မီတာ၁၀,၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု ရရှိထားကြောင်း နည်းပြ ဦးလမင်းအောင်က ပြောကြား သည်။
မြန်မာ ပြေးခုန်ပစ် အဖွဲ့သည် ပြီးခဲ့သည့် ဇူ
လိုင် ၁၉ ရက်မှ ၂၉ ရက်နေ့အထိဗီယက်နမ် နိုင်ငံတ
ွင် ကျင်းပခဲ့သည့် ချန်ပီယံရှစ် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ရရှိထားကြောင်း ၎င်းက ရှင်းပြသည်။
ယခုနှစ် ထိုင်းချန်ပီယံရှစ် ပြိုင်ပွဲတွင် မီတာ
၅၀၀၀ တာဝေး လမ်းလျှောက် ပြိုင်ပွဲနှင့် မီတာ၁၀,၀၀၀ လမ်းလျှောက်ပြိုင်ပွဲများကို ထည့်သွင်းထားခြင်း မရှိကြောင်း Thai Championshipဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် မြန်မာပြေးခုန်ပစ်အဖွဲ့သ
ည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် အမျိုးသား ၄၂ ဦး၊ အမျိုးသမီး၃၃ဦးဖြင့်စခန်းသွင်းလေ့ကျင့်လျက် ရှိသည်။
The Voice Weekly