တနင်္သာရီကမ်းရိုးတန်းသည် အရှေ့တောင်အာရှတွင်အသန့်ရှင်းဆုံး ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များပြော

Tuesday, August 20, 2013
အရှေ့ တောင်အာရှတွင် တနင်္သာရီကမ်း ရိုးတန်းဒေသကြီးသည် အသန့် ရှင်းဆုံး ကမ်းရိုးတန်း ဒေသကြီး တစ်ခုဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ကိုင် နေသူများက ပြောဆိုသည်။

ယင်းသို့ပြောဆိုခြင်းမှာ အ ဆိုပါကမ်းရိုးတန်းတွင် တည်ရှိ သော ရေပြင်
အနေအထား၊ ဒီရေ တောအနေအထား၊ ဇီဝမျိုးစုံမျိုး ကွဲများအပေါ်မူ
တည်၍ ပြောကြားခဲ့ကြခြင်းဖြစ်သည်။ဒီရေတောဆိုင်ရာ ကျွမ်း ကျင်ပညာရှင် ဦးဝင်းမောင်က ''တနင်္သာရီတိုင်းဒေသကြီးကတော့ ဒီရေတောရာခိုင်နှုန်း ၉ဝကျန် နေသေးတယ်။ ဒီရေတောတွေ ရှိတဲ့အတွက် ဇီဝမျိုးစုံမျိုးကွဲတွေ လဲ ရာခိုင်နှုန်း ၉၀ ကျန်နေသေးတယ်။ အဲဒီအတွက် အခြားနိုင်ငံ က ပညာရှင်တွေလာရင်လဲ တန င်္သာရီတိုင်းက အာဆီယံမှာ အလှဆုံးပဲလို့ြေ
ပာတယ်။ ကျွန်တော့် အနေနဲ့လဲ အခြားကမ်းရိုးတန်း တွေကိုတော့ မပြောလိုပါဘူး။တနင်္သာရီကမ်းရိုးတန်းကတော့ အလှဆုံး အသန့်ရှင်းဆုံးဖြစ်မယ်လို့ ယုံကြည်တယ်''ဟု ပြောသည်။

အခြားအာဆီယံနိုင်ငံများ၏ ကမ်းရိုးတန်းများသည် စီးပွား ရေးဖွံ့ဖြိုးမှုစီမံကိန်းများနှင့် လူဦး ရေထူထပ်လာမှုများကြောင့် များစွာပျက်စီးနေပြီဖြစ်ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာ
ရှင်များက ဆိုသည်။လက်ရှိအချိန်တွင် အဆိုပါဒေသကို စီးပွားရေးဖွံ့ဖြိုးရန် အတွက် အထူးစီးပွားရေးဇုန်ကြီးများ အပါအဝင် အခြားအကြီး
စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ဦးဝင်းမောင်က ''စီးပွားရေးဖွံ့ဖြိုးမှုကလဲ လုပ်ရမှာပါ။ ဒါ ပေမဲ့ ပတ်ဝန်းကျင်
ထိခိုက်မှုအ နည်းဆုံးဖြစ်အောင်တော့ လုပ်ရမယ်။ အရင်ဆုံး ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်ချက်တွေ၊ လူမှုရေးဆိုင်ရာ ဆန်းစစ်ချက်တွေကိုလုပ်
ဆောင်ပြီးမှလုပ်သင့်မလုပ်သင့်စဉ်းစားပြီးမှလုပ်ဆောင်သင့်တယ်''ဟု
ပြောသည်။

မြန်မာနိုင်ငံတွင် ကမ်းရိုး တန်းဒေသကြီးသုံးခုရှိသော်လည်း ဧရာဝတီကမ်းရိုး
တန်းမှာ ဒီရေ တောရာခိုင်နှုန်း ၉ဝပျက်စီးနေ ပြီး ရခိုင်ကမ်းရိုးတန်းမှာ ရာခိုင် နှုန်း ၄၀ ပျက်စီးနေခြင်းကြောင့်ဒီရေတော ရာခိုင်နှုန်း ၉၀ ပျက်စီး ပါက ဇီဝမျိုးစုံမျိုးကွဲ ရာခိုင်နှုန်း ၉၀ ပျက်စီးခြင်းကြောင့် အဆိုပါ နေရာများ၏ပျက်စီးမှုမှာ ဒီရေ တောပျက်စီးမှုအတိုင်း ဖြစ်ပေါ် နေပြီး တနင်္သာရီတိုင်းဒေသကြီး မှာ ဒီရေတော ရာခိုင်နှုန်း ၉၀ ကျန်ရှိနေသေးကြောင်း၊ လူသူ အရောက် အပေါက်နည်းခြင်းများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုနည်း ခြင်းများကြောင့် တစ်ခုတည်း သော၊ လှပနေသော ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည်။

တနင်္သာရီကမ်းရိုးတန်း သည် မြန်မာနိုင်ငံတွင် အရှည်ဆုံး ကမ်းရိုးတန်း
တစ်ခုဖြစ်ပြီး ၁၁၁၂ ကီလိုမီတာရှည်သည်။
Yangon Media Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post