Tuesday, August 20, 2013
ဝေးလံ ခေါင်ဖျားဒေသများတွင် တာဝန် ထမ်းဆောင်ရန်ခန့်ထားသော် လည်း သွားရောက်ခြင်းမရှိသည့် နေ့စား၊ လပေးဆရာ၊ ဆရာမ တချို့နေရာတွင် အစားထိုးခန့် သွားမည်ဟု သိရသည်။
ဇူလိုင်လအတွင်းက ဝေးလံ သောဒေသများသို့ သွားရောက် တာဝန်
ထမ်းဆောင်ရန် တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် နေ့စား လပေး ပညာရေး
ဝန်ထမ်း ၅၀၀၀၀ ကျော်ကို ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အ မှတ်(၂) အခြေခံပညာဦးစီးဌာန မှတာဝန်ရှိသူ
တစ်ဦးက ''အခု အဲဒီ နေရာတွေကို အစားထိုးခန့်ဖို့ ဆောင်ရွက်နေ
ပါတယ်။ လော လောဆယ်ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်နှဦးလျှောက် တယ်။ ဘယ်နှဦးကို ခန့်လိုက် တယ်။ သွားတဲ့သူက
ဘယ်နှဦး၊ မသွားတဲ့သူက ဘယ်နှဦးဆိုပြီး စိစစ်နေပါတယ်''ဟု ပြောသည်။
ဆရာ၊ ဆရာမရှားပါးသော ဝေးလံခေါင်ဖျားဒေသများသို့ သွား ရောက်
တာဝန်ထမ်းဆောင်သော မည်သည့်ပညာရေးဝန်ထမ်းမဆို လစာနှစ်ဆ
ရရှိသော်လည်း၊ ယခု နေ့စား လပေးဆရာ၊ ဆရာမများ အနေဖြင့် တစ်နေ့လျှင်ကျပ် ၂၇၀၀ နှုန်းသာရရှိကြောင်း၊ ကျောင်း ပိတ်ရက်များတွင်မူ ရရှိမည်မ ဟုတ်ကြောင်း၊ လိုအပ်ပါက အချိန် ပိုဆင်းပေးရမည်ဖြစ်သော်
လည်း ယင်းအတွက် လုပ်ခလစာရရှိမည် မဟုတ်ကြောင်း သိရသည်။
အဆိုပါတာဝန်ရှိသူက ''နေ့ စား၊ လပေးတွေအနေနဲ့ ငါးနှစ်စာ စာချုပ်ချုပ်
ရတယ်။ တစ်ရက် ၂၇၀ဝပဲရတယ်။ ကျောင်းပိတ်ရက်မှာ မရဘူးဆိုတော့
ဝေးတဲ့ ဒေသတွေကိုသွားပြီး တာဝန်ထမ်း ဆောင်ဖို့ဆိုတာ သိပ်မလွယ်
ပါဘူး'' ဟု ထပ်မံပြောသည်။
နေ့စား၊ လပေးများကို ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စ သည့် တိုင်းနှင့်ပြည်နယ်များရှိ ဆရာ၊ ဆရာမ
ရှားပါးသော ဝေးလံ ခေါင်ဖျားဒေသများသို့ စေလွှတ် ကြောင်း၊ အမှန်
တကယ် သွားရောက် ခြင်းမရှိသူများလည်းရှိသကဲ့သို့ အမိန့်စာနှင့်လူလွဲ
မှားနေခြင်း ကြောင့် သတ်မှတ်ထားသောနေ့ ရက်အတွင်း သွားရောက်
နိုင်ခြင်း မရှိသူများလည်းရှိသည်။ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့သို့ တာဝန်ကျသော ဆရာမတစ်ဦးက ''ကျွန်မကျတဲ့ နေရာက မြို့ပေါ်မှာ မဟုတ်ဘူး။ မိုင်းပြင်းမြို့ထဲက ရွာလေးတစ်ရွာ မှာကျတာ။ လစာနည်းတယ်ဆို ပေမယ့် နီးနီးနားနားဆိုရင် တော်သေးတယ်။ အခုတော့ အဲဒီဒေသတွေက သိပ်မအေးချမ်းဘူးလို့ ပြောတယ်။ ကျွန်မအိမ်ကလဲ မလွှတ်ဘူး။ အဲဒါကြောင့် ကျွန်မ ဒီ ဆရာမအလုပ်ကို မလုပ်တော့ တာပါ''ဟု ပြောသည်။
လက်ရှိတွင် စာရင်းပြုစုဆဲဖြစ်၍ ယင်းသို့သွားရောက် တာဝန်ထမ်းဆောင်
နိုင်ခြင်း မရှိ သည့် ဆရာ၊ ဆရာမဦးရေနှင့် ယင်းတို့နေရာတွင် အစားထိုး ခန့်အပ်မည့်အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။
နေ့စား၊ လပေးများကို မိမိ တို့ဖြေဆိုခဲ့သော ဝင်ခွင့်စာမေးပွဲ ၏ ခုံအမှတ်အလိုက် တန်းစီဇယားဖြင့်ခန့်ထားခြင်းဖြစ်ပြီး အဆိုပါ နေ့စား၊ လပေးဝန်ထမ်းများကို ဇူလိုင် ၂၅ရက်က အမှတ် (၁)အခြေခံပညာဦးစီးဌာနအောက်တွင် ၂၄၄၀ရဦး၊ အမှတ်(၂) အခြေခံပညာဦးစီးဌာနအောက်တွင် ၂၅၅၇၁ဦးနှင့် အမှတ်(၃)
အခြေ ခံပညာဦးစီးဌာနအောက်တွင် ၂၇၈၃ဦးစုစုပေါင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်၅၂၇၆၁ဦး ခန့်အပ်ခဲ့ကြောင်း သိရသည်။
Yangon Media Group