စနေနေ့ မှာ ပင်လယ်ကိုတွေ့ တယ်
-------**************------------
လူ(၈)ယောက် ၊ ဆိုင်ကယ်(၄)စီး
တောင်ကုန်းတွေ ကျောပေးထားတဲ့ လမ်းမှာ
ကင်းလိပ်ချော သတ္တ၀ါတွေလို
ပင်လယ်ရှာထွက်တဲ့ ခရီး ..။
လေမဆန်ပေမယ့် 
နေဒဏ်ကို ရယ်သံတွေနဲ့  ဖြတ်ခဲ့ ကြ..။
မလျင်မမြန်
ပုံမှန်မှန် နာရီသံတွေလိုပဲ ပျံသန်းခဲ့ ကြ..။
တောင်ကုန်းတွေ မြင့်လိုက်၊နိမ့် လိုက်
သီချင်းသံတွေ တိုးလိုက် ၊ကျယ်လိုက် ...
နေမညိုပေမယ့်
ငါတို့ တွေ လေဖြိုခဲ့ ကြ ...
မြစ်တွေ ချောင်းတွေအတွက်
ခင်မင်မှုတွေ စုစည်း ဖောင်ဖွဲ့ ကူးခဲ့ ကြတယ် ...။
လမ်းဆုံးတော့ ရွာတွေ့ 
ရွာဆုံးတဲ့  စနေနေ့ မှာ
မြေပုံ အငူစွန်းရဲ့ နေပူပူကျောက်ဆောင်အိုတွေ ရင်ကြားက
ခရုခွံတွေနဲ့ အနားကွပ်ထားတဲ့ 
ပင်လယ်ကို တွေ့ တယ် ....။
* ၀သုန်ခါး
(၂၇.၄.၂၀၁၂ - သူငယ်ချင်းများနှင့်အမှတ်တရ)
Published with Blogger-droid v2.0.10