စာရေးဆရာကြီး ဒဂုန်တာရာ (၉၅ နှစ်) ကွယ်လွန်ပြီ

နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ(အသက် ၉၅ နှစ်)ဟာ ရှမ်းပြည်တောင်ပိုင်းအောင်ပန်းမြို့နေအိမ်မှာဒီကနေ့မွန်းလွဲ၁နာရီကျော်ကျော်အချိန်က ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်အလောင်းကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ အောင်ပန်းမြို့သုသာန်မှာပဲ ဂူသွင်းသင်္ဂြိုလ်သွားမှာဖြစ်တယ်လို့ ဆရာ့ကိုအနီးကပ်ပြုစုပေးနေတဲ့ ဦးစိုးမြင့်က RFA ကို အခုလိုပြောပါတယ်။
“ဆရာ့ကိုကြည့်ပေးနေတဲ့ဒေါက်တာကောင်းမြတ်ဆိုတာအောင်ပန်းဆေးရုံအုပ်ပါ၊ သူက ကျနော်တို့ဆီမှာ ဘာမှမလုပ်တတ်ဘူး၊ သူဆေးရုံခေါ်ထားမယ်ဆို ကျနော်တို့ ဆေးရုံမှာထားပါတယ်၊ ဒီမနက်မှ ဆရာနဲ့ တိုင်ပင်ပြီးတော့ ၁ဝ နာရီလောက် ပြန်ခေါ်လာပါတယ်၊ ပြန်ခေါ်လာတုန်းကစပြီးတော့ အောက်ဆီဂျင်ပေးထားပါတယ်၊ ၁ နာရီ ၁၅ မှာ ဆုံးပါတင်ခင်ဗျ”
ဆရာဒဂုန်တာရာရဲ့ အမည်အရင်းဟာ ဦးဌေးမြိုင် ဖြစ်ပြီး၊ ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းရွာမှာ ၁၉၁၉ ခုနစ်က မွေ
းဖွားခဲ့ပြီး ကျိုက်လတ်အမျိုးသားကျောင်း၊ ရန်ကုန်မြို့ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ရေကျော်မက်သဒစ်ကျောင်
းနဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဌ၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂဥက္ကဋ္ဌစတဲ့တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။

ဆရာဒဂုန်တာရာဟာ စာပေသက်တမ်းနှစ်ပေါင်း ၇၀ ကျော်အတွင်း မြိုင်သဇင်၊ မောင်နန်းနွယ်၊စောထွတ်၊မောင်သစ္စာ၊မောင်ဘတင့်စတဲ့ကလောင်ခွဲပေါင်းများစွာနဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရေးရာတွေနဲ့ နိုင်ငံရေးပတ်သက်တဲ့ ဝေ
ဖန်ရေးဆောင်းပါးတွေအပြင် ၀တ္တုစာအုပ်ပေါင်း ၂၀ ကျော်ကိုရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဆရာဒဂုန်တာရာဟာစာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆု၊
အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုတွေ
အပြင်တောင်ကိုးရီးယားနိုင်ငံကပေးအပ်တဲ့ငြိမ်းချမ်းရေးဆုတွေကိုလည်း
ရရှိခဲ့သူ ဖြစ်ပါတယ်။

RFA

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post