ိ
Thursday, August 15, 2013
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်
ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆ
န်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အြ
မန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲ
လုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။
ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာေ
တွကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်က
တော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိ
ဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .
သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွ
င် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ
သူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှ
င့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာ
ဖွေနေစဉ် အမ်အေအိုင် လေကြောင်း လိုင်းဖြ
င့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခ
ရီးသည် တစ်ဦးဖြစ်သူ Ms.Gomes
Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲ
ပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ
ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ြ
ကွတ်အိတ် အဖြူရောင်ထဲတွင် PMC.38 SPL ခဲထိပ်
ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ AP. 04.38
SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊
Winchester.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန်
တစ်တောင့်၊ WW.38 SPL ခဲထိပ်ဖူးပါ စတီးကျည်
ဆန် တစ်တောင့်၊ RP.38 SPL ခဲထိပ်ဖူးပါ စတီးကျ
ည်ဆန် တစ်တောင့်၊ S&B. 38 Special ကြေးထိပ်
ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊
Winchester.38 SPL ခဲထိပ်ဖူးထိ ဖြတ်ထားသည့်
စတီးကျည်ဆန် တစ်တောင့်၊ R.P 45 Auto ကြေးထိ
ပ်ဖူးပါ ကြေးကျည်ခွံ နှစ်တောင့်၊ စုစုပေါင်
း ကျည်ကိုးတောင့်တို့အား စစ်ဆေးတွေ့ရှိခဲ့၍
၎င်းထံမှ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြော
င်း သိရသည်။
"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို
အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့
စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအ
ရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတ
ယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေး
မေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်
တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတေ
ာ့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံန
က်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့
မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။
ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်ေ
တွ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂ
လာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်
မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး
စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမီ
Published with Blogger-droid v2.0.10