တက်ဈေးမျှော်သူများ ထုတ်ရောင်း၍ ကြက်သွန်နီဈေး ပြန်ကျ

(လေးမြို့  ၊ နေ့ လယ်ခင်းသတင်း)
Thursday, August 15, 2013
တက်ဈေးကိုမျှော်မှန်း၍ကိုင်ထားသောနယ်ဒေသတောင်သူများ ထုတ်ရောင်း၍ ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ကြက်သွန်နီဈေး ပြန်လည် ကျ
ဆင်းလာကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ
၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအုန်းဆိုင် က ပြောကြားသည်။

ကြက်သွန်နီပေါက်ဈေး ထပ်မံမြင့်တက်နိုင်သည်ဟု
ထင်မြင်ယူဆ၍ မြန်မာနိုင်ငံအလယ်ပိုင်း ကြက်သွန်စိုက် ဒေသများရှိ စိုက်ပျိုးတောင်သူများသည် ကုန်
ပစ္စည်း ထုတ်မရောင်းခဲ့သည့်အတွက် ပြီးခဲ့သည့်ဇူလိုင်လနောက်ဆုံးပတ်အတွင်းက ရန်ကုန်မြို့တော် ဘုရင့်နောင်ကုန်စည် ဈေးကွက်တွင် ကြက်သွန်နီ ပေါက်ဈေးသည် တစ်ပိဿာလျှင် ကျပ် ၁၀၀ ခန့်
မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်းကုန်ဝင်ရောက်မှုပုံမှန်
ပြန်ဖြစ်လာ၍ ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် ၃၀ ခန်
့ထိ ပြန်လည် ကျဆင်းလာကြောင်း အဆိုပါဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
“ဒီနှစ်ကြက်သွန်က တောင်သူလက်ထဲမှာပဲ ရှိတယ်။ တောင်သူတွေ ဈေးမကြိုက်လို့ ထုတ်မရောင်းတော့
ရန်ကုန်မှာ ကြက်သွန်ပြတ်သွားတယ်။ ရန်ကုန်ကတစ်ပိဿာ တစ်ရာလောက် ဈေးတက်လိုက်မှ ထုတ်ရောင်
းကြတာ။ အဲဒါကြောင့် ဒီရက်ပိုင်း ရန်ကုန်ကို ကြက်သွန် ပြန်ဝင်လာတာ” ဟု ပခုက္ကူမြို့ အခြေစိုက် သန့် ကြက်သွန်ရောင်းဝယ်ရေး လုပ်ငန်း
ရှင် ဦးအေးထွန်းမောင်က ဆိုသည်။
ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ဘုရင့်နောင် ကုန်စည်ဈေးကွက်သို့ နယ်ကြက်သွန်နီ ဝင်ရောက်မ
ှုသည် တစ်ရက်လျှင် ပိဿာချိန် ၇,၀၀၀ ခန့် ပါသည့် ကုန်ကား အစီရေ ၁၅ စီး၊ အစီး ၂၀ ခန့် ရှိခဲ့ပြီး ကြက်သွန်နီ ဝင်ရောက်မှု ထက်ဝက်ခန့်ထိ ပြုတ်ကျသွားခဲ့ကြောင်း အဆိုပါဈေးကွက်အတွင်
း ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

ယင်းသို့ ကုန်ဝင်ရောက်မှု ထက်ဝက်ခန့်ထိ လျော့နည်းခဲ့ရာမှ သြဂုတ်လ ဒုတိယပတ်တွင် ဘုရင့်နောင် ကုန်စည်ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်နီပိဿာ ၇,၀၀၀ ပါ ကုန်ကားအစီးရေ ၄၀ ခန့်ပုံမှန်
ဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီပေါက်ဈေး
ပြန်လည် ကျဆင်းလာသည်မှာနှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း ယင်းကုန်စည်ဈေးကွက် အခြေစိုက်ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်ဦးခင်ဟန်က ဆိုသည်။
ရန်ကုန်မြို့တော် ဘုရင့်နောင် ကုန်စည်ဈေးကွက်
၌ သြဂုတ်လ ၁၄ ရက်နေ့တွင် ကြက်သွန်နီ တစ်ပိဿ
ာလျှင် ၅၇၀ ကျပ်မှ ၆၁၀ ကျပ်ခန့် ဈေးပေါက်လျက်
ရှိပြီး ယင်းပေါက်ဈေးသည် ပြီးခဲ့သည့် သြဂုတ်
လ ၁၂ ရက်နေ့ ကြက်သွန်နီ တစ်ပိဿာပေါက်ဈေး
၆၁၀ ကျပ်၊ ၆၅၀ ကျပ်ပေါက်ဈေးမှ ပြန်လည်ကျဆင်းလာသည့်ဈေးနှုန်းဖြစ်ငြေ်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
The Voice Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post