အိန္ဒိယ၌ ဘုရားဖူးခရီးသည်များကို အမြန်ရထားဝင်တိုက် ၃၅ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ


Tuesday, August 20, 2013
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဘူတာရုံ တစ်ရုံတွင် ရထားသံလမ်းကို ဖြတ်ကူး နေသော ဟိန္ဒူဘုရားဖူးခရီးသည် လူအုပ်တစ်အုပ်ကို အမြန်ရထား တစ်စင်
းကဝင်ရောက်တိုက်မိရာ ၃၅ဦး သေဆုံးကြောင်း ယင်းဖြစ်ရပ်နှင့်ပတ် သက်၍ ဒေါသထွက်နေကြသော လူ အုပ်များက ရထားတွဲများကို မီးရှို့
ဖျက်ဆီးခဲ့ကြပြီး ဘူတာရုံကိုပါဖျက်ဆီး ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဩဂုတ် ၁၉
ရက်တွင် သတင်းထုတ်ပြန်သည်။

ဘီဟာပြည်နယ်ရှိ ဘူတာရုံတစ်ရုံ တွင် ခရီးသည်တင်အမြန်ရထား တစ်စင်းက သံလမ်းကို ဖြတ်ကူးနေ
ကြသော ဘုရားဖူးများကို ဝင်တိုက် မိခြင်းဖြ
စ်ကြောင်း အထက်တန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်ရပ်တွင် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။
ဒေါသထွက်နေသော လူအုပ်များ သည် ရာဂျာရာနီအမြန်ရထားပေါ်တွင် စုဝေးမိကြပြီးနောက် ရထားတွဲများကို မီးရှို့ခဲ့ကြပြီး ဒါဟာရာဘူတာရုံကို ဖျက်ဆီးခဲ့ကြကြောင်း အထက်တန်း
ရဲအရာရှိ ဘာရာဝပ်က ပြောကြား သည်။

အဆိုပါ ဘူတာရုံသည် ဘီဟာ ပြည်နယ် မြို့တော်ပတ္တနားမှ ၁၇၈ ကီလိုမီတာအကွာတွင် တည်ရှိသည်။
ရထားတွဲ ခြောက်တွဲ မီးရှို့ခံခဲ့ရပြီး ရန်
မူတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ဘူတာရုံဝန်ထမ်းများ ထွက်ပြေးခဲ့ကြ ကြောင်း ရထားလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဘူတာရုံတွင်ရထားနှစ်စင်းရပ်တန့် ထားပြီး
ရာဂျာရာနီအမြန်ရထားဖြတ် သန်းရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ဘုရား ဖူးများသည် ရထားခုတ်မောင်းလာ သည်ကို သတိမမူဘဲသံလမ်းကိုဖြတ်ကူးခဲ့ပုံရကြောင်း တာဝန်ရှိသူက ပြော ကြားသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post