အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အကြောင်း မှတ်တမ်းရိုက်ကူးရန် DiscoveryChannel မှ ကမ်းလှမ်း


သြဂုတ်လ ၂၀ ရက် ၂၀၁၃
အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအကြောင်း မှတ်တမ်းတင် ရိုက်ကူးပြသရန် Discovery
Channel မှ လာရောက် ကမ်းလှမ်းမှုများ ရ
ှိနေကြောင်း သိရသည်။

ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် အကြောင်းအရာများကို Discovery Channel တွင် ရိုက်ကူးပြသရန် အတွက် တစ်နှစ်စာချုပ် ချုပ်လိုကြောင်း ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိ ကိုဝင်း
ဇော်ဦး၏ ကျန်းမာရေးနှင့် ပတ်သက်၍ တာဝန်ယူ လုပ်ဆောင်ပေးနေသူများ အနေဖြင့် အဆိုပါကမ်းလှမ်းမှုအပေါ် လက်ခံမှု ရှိမရှိကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။

ထို့ပြင် ကိုဝင်းဇော်ဦး စင်ကာပူနိုင်ငံသို့ ရောက်ရှိနေစဉ်ယင်းနိုင်ငံတွင်ထုတ်လွှင့်ပြသနေသည့် CHANNEL NEWSASIA ရုပ်သံလိုင်းနှင့် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Lianhe Zaobao
Newspaper မှလည်း လာရောက် သတင်းယူခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊
ထုံးပေါက်ချိုင်း ကျေးရွာနေ အရပ် ၇ ပေ ၁၀
လက်မရှိ ကိုဝင်းဇော်ဦးတွင် Pituitary Glandအကြိတ်ကြောင့် Growth Hormone အထွက်လွန်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း
ကြီးထွားနေခြင်းဖြစ်ပြီး လိုအပ်သည့် ဆေး
ကုသမှုများ ပြုလုပ်နိုင်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ကိုဝင်ဇော်ဦးကို ဗီဒီယိုရိုက်ကူး နေသူများအား
တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
Eleven

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post