ရန်ကုန်၊ သြဂုတ် ၁၄
ဘီလာရုစ်နိုင်ငံ မင့်စ်မြို့၌ စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော Miss
Supranational 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံမှပထမဆုံးအကြိမ်အဖြစ် သွားရောက်မည် ဖြစ်ကြောင်း Miss Supranational 2013 Organization မှ National Director ဦးဝေယံအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ စလွယ်ကိုလွယ်ကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းသွားရောက် ယှဉ်ပြိုင်နိုင်ရန်လေ့ကျင့်မှုပေါင်းများစွာ ပြုလုပ်ပေးထားကြောင်း၊ နှောင်နှစ်များတွင်လည်းယှဉ်ပြိုင်ခွင့်ရ
အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Miss
Suprational 2013 Organization မှ NationalDirector ဦးဝေယံအောင်က ပြောကြားသည်။
ကမ္ဘာ့အလှမယ် ပြိုင်ပွဲများတွင် တတိယအဆင့်ရှိသော ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်မည့် ခင်ဝင့်ဝါက အဆိုပါပြိုင်ပွဲတွင် ဆုဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်ဆောင်ချင်
သည်ဟု The Voice သို့ ပြောကြားသည်။
“မနန်းခင်ဇေယျာ ပြိုင်တာကို အားကျပြီးတော့ International
ပြိုင်ပွဲတွေကို ပြိုင်ချင်ခဲ့တာပါ။
အခုမြန်မာနိုင်ငံ ကိုယ်စားပြု သွားပြိုင်ရတော့မယ်ဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ အကောင်အထည် ဖော်ခွင့်ရလို့ ဝမ်းသာပါတယ်” ဟု ၎င်းက
ထပ်လောင်း ပြောကြားသည်။
“မြန်မာနိုင်ငံကလူတွေက Miss တွေနဲ့ မော်ဒယ်လ်တွေကိုအတူတူပဲလို့ထင်နေ
ကြပါတယ်။Miss ဆိုတာ နိုင်ငံရဲ့ အမျိုးသမီးတွေ ကိုယ်စားပြုထားတဲ့ အလှမယ်တစ်ယောက်လိုမျိုး ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ နေ
ထိုင်တဲ့ပုံစံတွေကို အဲဒီ Miss ကို ကြည့်ပြီးတော့ဆုံးဖြတ်တာပါ” ဟု National Director ဦးဟန်
ဇော်ထက်က ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၉၃ နိုင်ငံက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ ဝင်ရောက်သူများသည် ၎င်းတို့ သတ်မှတ်ထားသော စည်းမျဉ်းများ
စွာကို အောင်နိုင်မှ ပါဝင်နိုင်ခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်သည် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ဘီလာရုစ်နိုင်ငံ၊မင့်စ်မြို့သို့ သွားရောက်ရမည်ဖြစ်ပြီး လေ့လာမှုများစွာ ပြုလုပ်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် နောက်ဆုံး ယှဉ်ပြိုင်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း
၎င်းကထပ်လောင်း ပြောကြားသည်။
“နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိမှာပါ။ အဓိကကတော့ ငါက နိုင်ငံကိုယ်စားပြုဆိုတဲ့ စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကို ကြံ့ကြံ့ခံနိုင်အောင် ထားပါ
လို့ အားပေးချင်တယ်” ဟု Miss Myanmar နန်းခင်ဇေယျာက ပြောကြားသည်။
From : The Voice Weekly