မလေးရှားနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများ မှတ်ပုံတင်နိုင်ရေး မလေးရှား အစိုးရ ကူညီမည်

မလေးရှားနိုင်ငံတွင်အလုပ်လုပ်ရန်အတွက် အရည်အချင်း ပြည့်မီသော တရားမ၀င် မြန်မာနိုင်ငံသားများအား မလေးရှား အစိုးရက အကူအညီ ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာ The Star တွင် ဖော်ပြထားချက်အရ သိရ
သည်။

အဆိုပါ အကူအညီပေးမည့် အစီအစဉ်သည် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Datuk Seri Dr
Ahmad Zahid Mamidi နှင့် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဦးအေးမြင့်တို့ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံ
အပြီး ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Dr Ahmand Zahid ၏ အဆိုအရ အကူအညီပေးမည့် အစီအစဉ်များတွင် မလေးရှားနိုင်ငံ ကွာလာလမ်
ပူရှိ မြန်မာသံရုံးမှတစ်ဆင့် မြန်မာအလုပ်သမား
များအား One Stop Service ဖြင့် အလုပ်လုပ်ခွင့် အထောက်အထားများ ထုတ်ပေးမည့် အစီအစဉ်လည်း ပါဝင်သည်။

"ကျွန်တော်တို့ လှုပ်ရှားမယ့်ပုံစံကို သတိထားနေရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီမှာက မြန်
မာအလုပ်သမားနှစ်မျိုး ရှိနေတယ်။ တစ်မျိုးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
အသိအမှတ်ပြုကတ်ကိုင်ဆောင်ထားတဲ့သူနဲ့နောက်တစ်မျိုးကဘာအထောက်အထားမှ မရှိတဲ့သူတွေပါ။

ဒီရှင်းလင်းရေးက မလုပ်မဖြစ်လို့ လုပ်ရတာပါ။ ဒါပေမယ့်လည်း လုပ်ငန်းခွင်တွေမှာ အလုပ်
သမား ပြတ်လတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တာရ
ယ်၊ လူသားချင်း စာနာမှုနဲ့ အာဆီယံနိုင်ငံများ အချင်းချင်း ရင်းနှီးချစ်ခင်မှုအရ ရယ်တွေ
ကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဒီအလုပ်သမားတွေ မှတ်ပုံတင်ဖို့အတွက် ဘယ်လိုကူညီနိုင်မလဲ
ဆိုတာကို ဥပဒေကြောင်းအရ ရှာဖွေနေပါတယ်" ဟု Dr Ahmand Zahid က ဦးအေးမြင့်နှင့် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လုပ်ငန်းခွင်တွေမှာ အလုပ်သမား ပြတ်လတ်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တာရယ်၊ လူသားချင်း စာနာမှုနဲ့ အာဆီယံနိုင်ငံများ အချင်းချင်း ရင်းနှီးချစ်ခင်မှုအရ ရယ်တွေကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဒီအလုပ်သမားတွေ မှတ်ပုံတ
င်ဖို့အတွက် ဘယ်လိုကူညီနိုင်မလဲ ဆိုတာ . . . . .
၎င်းက ဆက်လက်ပြောကြားရာတွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမား ၂၅၇၀၀၀ ခန့်အထိ ရှိ
နေသော်လည်း ယင်းတို့ထဲမှ ၁၁၃၀၀၀ သာ အမှန်အကန် အထောက်အထား ရှိသည်ဟု ပြောကြားသည်။

ထို့ပြင် မြန်မာအလုပ်သမားများသည် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နောက် တတိယအများဆုံးတရားမ၀င် အလုပ်သမားများ ဖြစ်ကြသည်ဟုလည်
း ထပ်လောင်းပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးသည် မလေးရှားနိုင်ငံတွင်
လက်ရှိပြုလုပ်နေသော တရားမ၀င် အလုပ်သမားရှင်းလင်းသည့် စစ်ဆင်ရေးအတွင်း နိုင်ငံခြား
သားများဆီမှ ခြိမ်းခြောက်ငွေညှစ်နေသည့်
တရားရေး အရာရှိများကိုလည်း သတိပေးမှုများ ပြုလုပ်ခဲ့သည်။

"အရာရှိတွေက သူတို့ဆီကနေ ခြိမ်းခြောက်ငွေညှစ် နေတယ်လို့ တိုင်ကြားမှုတွေ အများအပြား အလုပ်သမားတွေဆီက လက်ခံရရှိ နေပါတ
ယ်။ တကယ်လို့အဲဒီတိုင်ကြားချက်တွေအတွက် အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိနေရင်တော့အဲဒီလူတွေ ပြင်းပြင်းထန်ထန် အရေးယူ ခံရပလိမ့်မယ်" ဟု Dr Ahmad Zahid က ပြောကြား
သည်။

မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်က စတင်ပြုလုပ်ခဲ့သော တရားမ၀င် အလုပ်သမား ရှင်းလင်းရေး စီမံချက်ကြောင့် လူပေါင်း ၅၀၀၀ ကျေ
ာ် ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်း
ခံထားရပြီဖြစ်ပြီး မြန်မာအလုပ်သမား
၇၀၀၀န်းကျင်ခန့်လည်းဖမ်းဆီးခံထားရသည်။

EMG

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post