“ နေတတ်ခဲ့ပြီ ”


ရင်တစ်ခုလုံး ပျက်သုန်း
မင်းရဲ့ စကားတွေက တ၀ုန်းဝုန်းကွဲပေါက်
သေရမှာထက်ပိုပြီး ကြောက်စရာကောင်းတဲ့
“ဝေးကွာခြင်း”
ငါ့ရင်ခွင်ကို တစ်လွှာချင်းလမ်းခင်း ထွက်သွားပြီပေါ့.........။

တကယ်တော့ ငါဟာ
အသဲမကောင်းဘဲ ပွဲတောင်းခဲ့သူပါ
ဘ၀မှာ အချစ်ဆိုကို မျှော်လင့်ချင်ပေမယ့်
မျှော်စင်ကြီးတစ်ခု ဖြစ်လာရုံပါပဲ.........
အိပ်မက်ထဲမှာတောင် အယောင်ဆောင်ခွင့်မရခဲ့သူပါ။
ဘယ်လောက်ပဲ အော်အော်
တိမ်တိုက်တွေက လှည့်ကြည်ဖေါ်မရ............။

အခုတော့.........
ရင်ခွင်တစ်ခုလုံးကို စတေးကာ
တစ်ယောက်တည်း နေတတ်ခဲ့ပြီ
မမှိုင်တွေတော့ပါဘူး...
ဟိုအရင်တုန်းကလိုလည်း မရူးသွပ်တော့ဘူး
နှလုံးသွေးတွေရင်းပြီး
ပေးဆမ်ဖို့လည်း မထိုက်တန်သူကို
ငါဘယ်တော့မှ မရူးသွပ်တော့ဘူး..........။

* မြတ်သူ / 109

ခိုနားရာမဲ့ -၁ ကဗျာစာအုပ်မှ
http://khonaryarmaye.blogspot.com


SHARE THIS
Previous Post
Next Post