ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် လိမ်လည်ထွက်ပြေးမှု မင်းပြားတွင် ဒုတိယအကြိမ်ဖြစ်ပွား

(၁၁-၅-၂၀၁၄ လေးမြို့ မှုခင်းသတင်းတို)

(၅.၅.၂၀၁၄)နေ့ က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ ကမ်းနားလမ်းရှိ သီင်္ဂီန၀ရတ်ရွေဆိုင်မှ ပိုင်ရှင် ဦးအောင်သိန်းအေးသည် လူတစ်ချို့ ၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော်အား လိမ်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လိမ်လည်မှုတွင် အဘ-ဦးအောင်လှစိန်၏
သားဦးအောင်သိန်းအေး (၁၁/မပန(နိုင်)၀၄၅၄၀၃ )
သည် ရွှေအပေါင်လုပ်ငန်းလုပ်ကိုင်ရာမှ လုပ်ငန်းတိုးချဲ့ ရန် တခြားလူတစ်ချို့ ထံမှ ငွေကြေးများအား အတိုးနှုန်းများဖြင့် ချေးယူလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် အဆိုပါလုပ်ငန်းသည် ၀င်ငွေ ၊ ထွက်ငွေ ကိုက်ညီမှုမရှိဘဲ အရှုံးပေါ်လာခဲ့ပြီးနောက် ချေးယူထား
သော ငွေကြေးများ ပြန်လည်ပေးဆပ်နိုင်တော့မည့် လုံးဝမရှိတော့သောကြောင့် ယခုကဲ့သို့ 
ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဖြစ်နိုင်သည်ဟု သူနဲ့ ရင်းနှီးသည့် လူပုဂ္ဂိုလ်များထံမှ ကြားသိရသည်။

ဦးအောင်သိန်းအေးသည် ယခုအချိန်တွင် ထွက်ပြေးပုန်း
ရှောင်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလည်း
ဦးအောင်သိန်းအေးအား လိုက်လံရှာဖွေလျှက်ရှိကြောင်း သိရသည်။

ယခုအမှုသည် မင်းပြားတွင် ဖြစ်ပွားခဲ့သော ငွေကြေးမြောက်မြားစွာ လိမ်လည်ထွက်ပြေးမှုတွင် ဒုတိယမြောက် အမှုဖြစ်ပြီး လွန်ခဲ့ သော (၃)နှစ်ခန့် ကလည်း ဒေါ်ယောင်ယောင် ဆိုသူမှ ယခုကဲ့သို့ ပင် ငွေကြေးမြောက်မြားစွာ လိမ်လည်ထွက်ပြေးမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပေးပို့ သူ-ကိုထွန်း
ရေးသူ - သက်ထားရွှေစင်
လေးမြို့ သတင်းမီဒီယာ


SHARE THIS
Previous Post
မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ (၂၂)ရ က်နေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် ထုတ်ပြန်သ ည့် မုန်တိုင်းသတင်းကို အစီရင်ခံအပ်ပါသည်။ (က) ယနေ့မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန် တိုင်းထွာချ က်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ် ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက် တောင်ဘက် မိုင် (၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက် တောင်ဘက် (၁၅၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက် တောင်ဘက် (၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ မုန်းတိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး နောက်ဆုံးတိုင်းထွာ ရရှိသော ခန့်မှန်းချက်များအရ မေလ (၂၂)ရက်နေ့ မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း မြန် မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား လာနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆ င့်ရှိပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည် ရွေ့လျားနေသ ည့် အခြေအနေဖြစ်ပါသည်။ (ဂ) မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသြ ကီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရြွာ ပီး ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (ဃ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရော က်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်ေ လသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ (င) မြစ်ဝကျွန်းပေါ် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း လွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရ န် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။