ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်သည်ဟုစွပ်စွဲဖမ်းဆီးခံထားရသူတစ်ဦး အပြီးသတ်လွတ်မြောက်လာ

ရက္ခိုင့်တပ်မတော် (AA)နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူတစ်ဦးအား မင်းပြားမြို့နယ်တရားရုံးက ဇူလိုင်လ ၁ဝ ရက်နေ့၊ မွန်းလွဲပိုင်းက အပြီးသတ်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်အေးနုစိန်က နိရဉ္စရာသို့ ပြောသည်။

“မျိုးဝင်းကျော်(ခေါ်)မောင်မောင်ဆိုတဲ့သူကို အပြီးသတ်လွှတ်ပေးလိုက်တာ။ အပြီးသတ်လွှတ်လိုက်ရတဲ့သဘောတရားက သူ့ကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)အရ စွဲချက်တင်ပြီးသားဖြစ်နေတယ်။ အဲဒီအချိန်မှာမှ တရားစွဲဆိုတဲ့အဖွဲ့က ရုပ်သိမ်းလွှာတင်တဲ့အခါမှာ ရုံးက ခွင့်ပြုလို့ အပြီးသတ် လွှတ်လိုက်ရတာပါ”ဟု သူမက ပြောသည်။

အသက် (၃ဝ)ဝန်းကျင်ရှိ ယခုလွတ်မြောက်လာသူမှာ မင်းပြားမြို့ပေါ်မှဒေသခံတစ်ဦးဖြစ်ပြီး ရက္ခိုင့် တပ်မတော်(AA)နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မေလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာက ဖမ်းဆီးသွားခဲ့သည်။

From+Narinjara



SHARE THIS
Previous Post
Next Post