ရခိုင်တွင် မုဆိုးမအမျိုးသမီးဦးရေ အများဆုံးဟု ဝန်ကြီး ဦးခင်ရီပြော

မြန်မာတစ်နိုင်ငံလုံးအနက် ရခိုင်ပြည်နယ်တွင် ယောင်္ကျားသေဆုံးမှုကြောင့် မုဆိုးမဖြစ်ခဲ့ရသည့် အမျိုးသမီးဦးရေ အများဆုံးဖြစ် သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

နေပြည်တော်ရှိ Hotel Royal ACEတွင် ဇူလိုင် ၁၁ကပြုလုပ်သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဝန်ကြီး ဦးခင်ရီက ပြောဆို ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်မှာ `ထိခိုက်လွယ်သူ၊ ဖေးမကူ၊ အရေးပေါ်ဟူက စောင့်ရှောက်ကြ´ ဟူ၍ ဖြစ်သည်။

http://mizzimaburmese.com/article/1705



SHARE THIS
Previous Post
Next Post