နိုင်ငံကူး လက်မှတ် မပါဘဲ ရန်ကုန်- စစ်တွေ လမ်းကြောင်းမှတဆင့် ရခိုင်ပြည်နယ်ထဲသို့ ၀င်ရောက်လာသော ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦးနှင့် ဖိလစ်ပိုင် နိုင်ငံသူ တစ်ဦးတို့ကို ဘူးသီးတောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။
“ ထိန်းသိမ်းထားတာ ဟုတ်မှန်ပါတယ်။ ဘူးသီးတောင်မြို့မှာ လ၀ကနဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က စစ်ဆေးတော့ အထောက်အထားမပါတဲ့ အတွက် ဖမ်းဆီးထိန်းသိမ်းထားပါ” ဟု ဘူးသီးတောင် မြို့နယ်ရဲမှူး ဦးအောင်ဗလေးက အတည်ပြု ပြောကြားသည်။
သူတို့နှစ်ဦးမှာ နိုင်ငံကူး ပတ်စ်ပို့ပျောက်ဆုံးသွားသဖြင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ထုတ်ပေးသော ထောက်ခံချက်ဖြင့် ခရီးသွားလာနေခြင်း ဖြစ်ပြီး ဘူးသီးတောင်တွင် ယခုလ ၅ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သိရသည်။
သူတို့နှစ်ဦးမှာ ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ တဆင့် ဇူလှိုင်လ ၂ ရက်နေ့က ၀င်ရောက်လာခဲ့ကြသူများ ဖြစ်ကြောင်း ထွက်ဆိုသဖြင့် သူတို့မှာ အမှန်တကယ် နိုင်ငံကူး လက်မှတ်နှင့် တရားဝင် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်ခဲ့သူများဟုတ်/မဟုတ်နှင့် မြန်မာနိုင်ငံတွင် သူတို့၏ ပတ်စ်ပို့ေ အမှန်တကယ် ပျောက်ဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယနေ့အချိန်ထိ ဘူးသီးတောင် စခန်းတွင် ရဲစခန်းထိန်းသိမ်းထားပြီး သူတို့အား သက်ညှာသော အားဖြင့် ပြည်နှင်ဒဏ်ပေးသွားမည်ဟု မြို့နယ်မှူးက ပြောဆိုသည်။
ရဲစခန်း ထောက်ခံချက်တစ်ခုတည်းဖြင့် နိုင်ငံခြားသားများ သွားလာရန် ခွင့်မပြုသော ဘူးသီးတောင်ထိ ၀င်ရောက်လာနိုင်ခဲ့သည့် အပေါ် အများပြည်သူက အံ့သြသင့်လျက်ရှိကြောင်း သတင်း ရရှိသည်။
From-Narinjara
Uncategories
ဘူးသီးတောင်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသူ တစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထား
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)