အာရှလမ်းမကြီးကို တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ ပြန်လည် ထိန်းချုပ်နိုင်၊ လမ်းအသုံးပြုခွင့်ပြု

အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ် (BGF) က အာရှလမ်းမကြီး ကို ထိန်းချုပ်နိုင်ပြီး လုံခြုံရေး တာဝန်ယူထားပြီ ဖြစ်သောကြောင့် ယနေ့မှစ၍ ပြန်လည်အသုံးပြုခွင့်ပေးလိုက်ပြီဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

အာရှလမ်းမကြီး မြဝတီ- ကော့ကရိတ်လမ်းပိုင်းတွင် ဒီကေ ဘီအေက ငွေကြေးကောက်ခံနေ ခြင်းနှင့်ပတ်သက်၍ အစိုးရတပ် မတော်နှင့် ဒီကေဘီအေတို့ ဇူလိုင် ၂ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ယင်းနေ့တွင်ပင် ခရီးသည်နှင့် ကုန်တင်ယာဉ်များကို ဒီကေဘီ အေက ဖြတ်သန်းခွင့်ပိတ်လိုက် ခြင်းဖြစ်သည်။

‘‘ခရီးသွားပြည်သူတွေ မနက်ဖြန်ကစပြီး အာရှလမ်းသစ်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီ အတွင်း ဖြတ်သန်းသွားလာနိုင်ပါ ပြီ။ ဒါပေမဲ့ လမ်းဘေးဝဲယာမြေသားတွေပေါ်မှာတော့ မိုင်းမရှင်းရသေးလို့ လမ်းဘေးမှာ ကားမရပ်နားဖို့တော့ သတိပေးချင်တယ်’’ ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝင်တစ်ဦးကလည်း ‘‘မနက်ဖြန် တော့ အာရှလမ်းကို ပြန်ဖြတ် သန်းခွင့်ပြုမယ်။ ဘာဂိတ်ကြေးမှ မပေးရတော့ဘူး။ ဒါဟာ မကြာမီ အာဆီယံလမ်းမကြီး တရားဝင် ဖြစ်တော့မှာ။ ဒါကြောင့် တပ် မတော်နဲ့ ဒေသတွင်း တခြားလက် နက်ကိုင်အဖွဲ့တွေကနေ လိုအပ် တာကို တာဝန်ယူခဲ့တာ’’ဟု ဇူလိုင် ၉ ရက်က ပြောသည်။

အာရှလမ်းမနှင့် ဒေါန တောင်ပတ်လမ်းတို့ကို အစိုးရတပ် မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)က လုံခြုံ ရေးတာဝန်ပူးပေါင်းယူထားပြီး နှစ်ဖက်ထိတွေ့မှုနည်းပါးသွားပြီ ဟု BGF မှ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။

အာရှလမ်းမကြီး ကော့က ရိတ်-မြဝတီလမ်းပိုင်းကို မြန်မာနှင့် ထိုင်းအစိုးရက ဇူလိုင် ၂၀ ရက်တွင်ဖွင့်လှစ်ရန် ညှိနှိုင်းထား သော်လည်း တိုက်ပွဲများကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရသည်။ ဩဂုတ်လအတွင်းဖွင့်နိုင်ရန် ပြန်လည် စီစဉ်ထားသည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

‘‘မနက် ၆ နာရီကနေ ညနေ ၆ နာရီဆိုလည်း ဒီကြားထဲ အဆင် ပြေအောင် သွားလာရမှာပဲလေ။ အပြီးသတ် အေးချမ်းသွားရင် တော့ကောင်းမယ်။ ကျွန်တော်တို့ အတွက်ကတော့ အခက်အခဲ တချို့ရှိနေတုန်းပါ’’ဟု အာရှလမ်းမကြီးကို အသုံးပြုသည့် ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။

http://www.7daydaily.com/story/41458



SHARE THIS
Previous Post
Next Post