ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်မှ ရှေးဟောင်းပစ္စည်းများအား ရန်ကုန်သို့ ပို့ဆောင်ရန်စီစဉ်ခဲ့မှုအပေါ် စစ်တွေ ဒေသခံများက တားမြစ်ခဲ့မှုကြောင့် ရန်ကုန်သို့မပို့တော့ဘဲ ယဉ်ကျေးမှုပြတိုက်တွင် တစ်လတိတိ အခမဲ့ ပြသသွားမည်ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအုပ်အေးခင်မောင်က နိရဉ္စရာသို့ပြောသည်။
“အားလုံးရဲ့ဆန္ဒနဲ့ အဲဒီရှေးဟောင်းပစ္စည်းတွေကို ပြည်သူတွေလာရောက် လေ့လာလို့ရအောင် ယဉ်ကျေးမှု ပြတိုက်ရဲ့အပြင်မှာ တစ်လတိတိ ပြသပေးသွားမှာပါ။ တစ်လပြည့်ရင်တော့ ပြတိုက်ရဲ့အတွင်းမှာ
နဂိုအတိုင်း ထိန်းသိမ်းပေးသွားမယ်” ဟု ယင်းက ဆိုသည်။
အဆိုပါရှေးဟောင်းပစ္စည်းများမှာ ရခိုင်ဝေသာလီခေတ် လက်ရာတစ်ခုဖြစ်သော ကျောက်စာများဖြင့် ရေးထွင်းထားသည့် ကျောက်ပြားတစ်ချပ်၊ ဝေသာလီခေတ်လက်ရာ ကြာဖူးကိုင်ထားသော ကျောက်ရုပ်တုတစ်ခုနှင့် မြောက်ဦးခေတ်
ကျောက်သံလျက် တစ်လက်တို့ဖြစ်သည်ဟု ရဲအုပ်အေးခင်မောင်က ဆိုသည်။
အဆိုပါပစ္စည်းများကို ပြတိုက်မှူးဖြစ်သူ ဒေါ်သူဇာဇံက ဇူလိုင်လ ၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် စစ်တွေ အဝေးပြေးကားဂိတ်မှ တဆင့် ရန်ကုန်သို့ ပို့ဆောင်ရန်စီစဉ်ခဲ့ရာ စစ်တွေရှိ လူမှုအဖွဲ့အစည်းအချို့နှင့်
ဒေသခံအချို့ သိရှိသွား၍ ကားဂိတ်သို့သွားရောက်တားမြစ်ခဲ့ကြကြောင်း သိရသည်။
“ဒီလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာလုပ်မယ့် ယဉ်ကျေးမှုပြတိုက်ကြီးဖွင့်ပွဲမှာ တိုင်းနဲ့ပြည်နယ်က ရှေးဟောင်း ပစ္စည်းလေးတွေကို ပြမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အားလုံးက ပို့ရမှာလို့ ပြတိုက်မှူးက ပြောတယ်။
ရခိုင်ကလည်း အခုလိုပို့ဖို့စီစဉ်တာပေါ့နော်။ ဒါပေမယ့် ဒေသခံတွေက တားလိုက်တဲ့အတွက် မပို့ဖြစ်တော့ပါဘူး” ဟု
ကားဂိတ်သို့ သွားရောက်တားမြစ်သည့်အဖွဲ့နှင့် ပြတိုက်မှူးတို့ ရုန်းရင်း ဆန်ခတ်မဖြစ်အောင် ထိန်းသိမ်းပေးခဲ့ရသည့် ရဲအုပ်အေးခင်မောင်က ပြောသည်။
ရခိုင်တစ်မျိုးသားလုံးအတွက်တန်ဖိုးကြီးသည့်ရှေးဟောင်းပစ္စည်းများအား လူမသိ၊ သူမသိပို့ဆောင်ခြင်းမှာ ဥပဒေနှင့် မညီသည့်အတွက် ယခုကဲ့သို့တားမြစ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက်တားမြစ်ခဲ့သူများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေယဉ်ကျေးမှုပြတိုက်မှ တာဝန်ရှိသူများအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
https://m.facebook.com/story.php?story_fbid=903743353007344&id=302513669796985&refid=17
Uncategories
ရန်ကုန်သို့ ပို့ဆောင်စဉ် ဟန့်တားခံရသော ရခိုင် ရှေးဟောင်းပစ္စည်းများကို ယဉ်ကျေးမှုပြတိုက် အပြင်ဘက်တွင် တစ်လတိတိပြသထားမည်ဟုဆို
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)