အသက် ၃၅ နှစ်အရွယ် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တစ်ဦးကို အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့က ပစ်ခတ်တဲ့ အတွက် နယ်စပ်မှာ သေဆုံးသွားခဲ့တာကြောင့် ဘင်္ဂလာဒေ့ရှ် က အိန္ဒိယ နယ်ခြားစောင့်တပ်ကို ကန့်ကွက်လိုက်တယ်လို့ The Daily Star သတင်းစာမှာ ဖော်ပြပါတယ်။
Jambu Miah လို့အမည်ရတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားဟာ နွားကုန်သည် တစ်ဦးဖြစ်ပြီး သူ့အဖော်လေးဦးနဲ့အတူ အိန္ဒိယ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး နွားတွေကို ၀ယ်ယူကာ ပြန်လာရာမှာ ဒီကနေ့ မနက်က အိန္ဒိယ နယ်ခြားစောင့်တပ်က သေနတ်တွေနဲ့ ပစ်ခတ်တဲ့ အတွက် ကျည်ဆံထိမှန်ပြီး နယ်စပ်မှာ သေဆုံးသွားခဲ့တယ်လို့ အဲဒီ သတင်းမှာ ဖော်ပြပါတယ်။
ဒေသခံ တွေရဲ့ တိုင်ကြားချက်အရ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်က သွားရှာရာမှာ သူ့အလောင်းကို လူသူမနေတဲ့နယ်စပ် နေရာ တစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
Lalmonirhat လို့ အမည်ရတဲ့ ခရိုင်မြို့က BGB တပ်ရင်း ၁၅ ကနေ စာရေးပြီး အိန္ဒိယ နယ်ခြားစောင့်တပ်ရဲ့ ပစ်ခတ်မှုကို ကန့်ကွက်လိုက်တယ်လို့ သိရပါတယ်။
အိန္ဒိယ နယ်ခြားစောင့်တပ်ဟာ shoot to killing ပေါ်လစီကို ချမှတ်ပြီး သူ့နိုင်ငံအတွင်း တရားမ၀င် ၀င်လာတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေကို မကြာခဏ ပစ်ခတ်နှိမ်နှင်း တဲ့ အတွက် သေဆုံးသူအရေအတွက်ဟာ တဖြည်းဖြည်းတိုးလာနေတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက နေ ဇွန်လအတွင်း အိန္ဒိယ နယ်ခြားစောင့်တပ်က သတ်ဖြတ်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂၀ ဦးသေဆုံးပြီး ၂၉ ဦးဟာ ဒဏ်ရာရရှိခဲ့တယ်လို့ The New Age သတင်းမှာ ဖော်ပြထားပါတယ်။
From-Narinjara
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)