From-Arakan State
ယခင် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်း တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တိုင်းမှူးဟောင်း ဦးကိုကိုနိုင်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီးနောက် ယခုတဖန် ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်တွင် ပြန်လည် ပေါ်လာသည်။
ဦးကိုကိုနိုင်သည် အနောက်ပိုင်းတိုင်း တိုင်းမှူးမှ အရှေ့မြောက်တိုင်း တိုင်းမှူး အဖြစ် ပြောင်းရွှေ့ ခံရပြီးနောက် ကိုးကန့် အရေးအခင်းကြောင့် အရှေ့မြောက်တိုင်း တိုင်းမှူးဘ၀မှ အနားပေးခံရပြီး သံအမတ်အဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်တော့မည်ဟု သတင်းထွက်ပေါ်ခဲ့သူ ဖြစ်သည်။
ဇူလှိုင်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က ပြုလုပ်သော ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ခရီးစဉ်တွင် ပါတီဗဟိုအတွင်းရေးမှူး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အတူ ဦးကိုကိုနိုင် ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကြံ့ခိုင်ရေး ထိပ်ပိုင်းဆောင်များသည် မောင်တောမြို့ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် တွေ့ဆုံပွဲတစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ရာ အနောက်ပိုင်း တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဦးကိုကိုနိုင်က “ယခင်က မိမိတို့ ပါတီအနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့မှုနည်းခဲ့တယ်။ ၂၀၁၀ ခုနှစ်က လွယ်လွယ်ကူကူ နိုင်ခဲ့ပေမယ့် ယခု အခြေအနေမှာ ပြိုင်ဘက်ပါတီတွေ ရှိနေတယ်။ ပြည်သူတွေနဲ့ ထိတွေ့မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်”ဟု ပြောဆိုသွားသည်။
ယခင် တိုင်းမှူး ဟောင်း ဦးကိုကိုနိုင် အနေဖြင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ တစ်ခုခုမှ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ၀င် / မ၀င်ကိုမူ သဲကွဲစွာ မသိရှိရသေးကြောင်း ပါတီဝင် တစ်ဦးက ပြောသည်။
www.laymro.com
Author: မာရုသူရ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)