(ဂျူလိုင် ၂၇ ၊ မင်းပြား)
ဂျူလိုင်လ နောက်ဆုံးနေ့ ရက်များအတွင်း မိုးအဆက်မပြတ်သည်းထန်စွာ ရွာသန်းမှုကြောင့် မင်းပြားအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့ နယ်အချို့ ၌ တကျော့ပြန်ရေလွှမ်းမိုးလျက်ရှိကြောင်း သိရသည်။
မိုးရွာသန်းမှုသည် ဂျူလိုင်လ ၂၀ ရက်ခန့်  လောက်က စတင်၍ အဆက်မပြတ်သည်းထန်စွာ ရွာသန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လေးမြို့  မြစ်ရေကြီးမှု ဖြစ်ပွားနေပြီး မြစ်ကမ်းပါး ရှိ မြေနိမ့်ဒေသအချို့  ၌ ရေလွှမ်းမိုးရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်နေ့ ရက်များကလည်း မိုးအဆက်မပြတ်သည်းထန်စွာ ရွာသန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ်အနှံ့ အပြား၌ ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများနှင့် မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့  သတင်းမီဒီယာ)
Author: မာရုသူရ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)