ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် နေရပ်စွန့်ခွာ သွားလာမှုများ မြင့်တက်နေဟုဆို

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေမှုများ ပေါများလာနေပြီး မြို့နယ်ပေါင်းစုံမှ ရခိုင်တိုင်းရင်းသား လူငယ်၊ လူလတ်ပိုင်းများ နေရပ်စွန့်ခွာသွားလာမှုနှင့်အတူ တရားမ၀င် လူမှောင်ခိုကူးများ တစ်နေ့တခြားများပြားလာနေကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ပြည်နယ်ရဲမှူးကြီး နေမျိုးအပါအ၀င် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ရဲအရာရှိများနှင့် စစ်တွေမြို့မှ မြို့မိမြို့ဖများ ၊ အရပ်ဘက် လူမှုအဖွဲ့များ ဇူလှိုင်လ ( ၉ )တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ တွေ့ဆုံပွဲတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မူးယစ်ဆေးဝါးတွေကိုရောင်းတဲ့ လူတွေက သူတို့မှာလည်း သူတို့ အိမ်ဖော်မာနဲ့ ဆိုတော့ သတင်းရလို့ သွားရှာတော့လည်း ရှောင်ထွက်သွားတာတွေရှိတယ်။ တစ်ချို့ မူးယစ်ဆေးဝါးလုပ်နေတယ် ဆိုတာကို သိပေမဲ့လည်း အရင် ပစ္စည်းတွေကို မိနိုင်ဖို့ အတွက် ဖမ်းဖို့ ချင့်ချိန်ရတာတွေရှိတယ် ” ဟု ပြည်နယ်ရဲမှူးကြီးနေမျိုးက ပြောသည်။

ရဲမှူးကြီး နေမျိုးက ပြည်နယ်အတွင်း လူကုန်ကုန်းမှုများနှင့်အတူ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတွင် ပြည်နယ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ချို့ ပါဝင်နေသည်ကို သိရှိသော်လည်း သက်သေပစ္စည်းနှင့်အတူ ဖမ်းဆီးနိုင်ရေးအတွက် ခက်ခဲနေကြောင်း၊ ၄င်းတို့ကို ဖမ်းဆီးနိုင်ဖို့ အတွက် သတင်းကွင်းဆက်များ ရရှိရန်လိုအပ်သလို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူဆယ်အိမ်မှူး ၊ ရာအိမ်မှူးများနှင့် ပြည်သူများမှလည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲသို့ ရခိုင်ပြည်နယ်တွင်းမှုးယစ်ဆေးဝါးများရောင်းဝယ်မှု ထူပြောနေသလို တခြားတစ်ဘက်တွင်လည်း ရခိုင်ပြည်နယ် အတွင်းမှ အလုပ်လုပ်ကိုင်နိုင်သည့် လူငယ်၊ လူလတ်ပိုင်းများမှာ ကျေးရွာများတွင် မကျန်သလောက် နေရပ် စွန့်ခွာလျက် နိုင်ငံခြားသို့ ထွက်ခွာသွားလာနေမှု တစ်နေ့ တစ်ခြား ပိုမိုများပြား လာနေကြောင်း ဒေသခံများ ပြောဆိုကြသည်။

ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုအေးမှ “ ကျွန်မတို့ရမိတဲ့ စာရင်းအရ စစ်တွေကားဂိတ်မှာ တစ်နေ့ကိုအမျိုးသား ၈၀ ဦးနဲ့ အမျိးသမီး၇၀ ဦးခန့်ကို သွားနေတာကိုတွေ့ရတယ်။ ဒီလူတွေဟာ ချွတ်ခြုံကျတဲ့ စီးပွားရေး အခြေအနေကြောင့် အပြင် ထွက်ပြီး အလုပ်သွားလုပ်ကြတာပါ။ တရားဝင်ပဲ ဖြစ်ဖြစ် တရားမ၀င်ပဲ ဖြစ် ပို့တဲ့ ကုမ္မဏီ ကိုယ်စားလှယ်တွေက ဒီနေရာမှာ တာဝန်ယူတာ နိုင်ငံခြားကိုရောက်သွားရင် တာဝန်ယူမှု မရှိတော့ဘဲ ပစ်စလက်ခတ်ကို ပစ်သွားတာပဲ” ဟုဆိုသည်။

တရားမ၀င်လူမှောင်ခိုကူးမှုဆိုင်ရာ ဖြစ်စဉ်များပြားလာရခြင်းမှာ အလုပ်အကိုင်ရှားပါးမှု ကြောင့် များပြားလာရသလို ကျေးလက်တောရွာများတွင် လူကုန်ကူးမှုဆိုင်ရာ ဆိုင်ရာ အသိပညာပေးများကို ကျယ်ကျယ်ပြန့် မလုပ်ဆောင်နိုင်ခြင်း အပြင် လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ နည်းပါးခြင်းကြောင်း ဖြစ်ရသည်ဟု လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့(စစ်တွေ )မှ ရဲအုပ်တစ်ဦးကသုံးသပ်သည်။

“ မကြာခင်ကပဲ မြေပုံမြို့နယ်က ၅၃ ယောက်သွာတာ။ သူတို့ သွားခါနီးမှာလွတ်တော်ကိုယ်စားလှယ်တွေ က ဖုန်းဆက်အကြောင်းကြားတော့ ကျွန်တော်တို့က ဖုန်းနဲ့တားတယ်။ သူတို့ ဘာပြောလဲဆိုရင် သူတို့ လွတ်လပ်စွာ သွားလာခွင့်တွေ မရှိတော့ဘူးလားသူတို့မှာ လူ့အခွင့်အရေး မရှိတော့ဘူးလား ဆိုပြီး အဲလိုပြောတယ်။ ကွန်တော်တို့ ဘယ်သူခေါ်တာလဲ။ ဘယ်ကို သွားမှာလည်း ဆိုကို အမှန်အတိုင်းမပြောကြဘူး ။ နောက်ဆုံတော့ တရုတ်ပြည်မှာ ရောင်စားခံရတယ်။အဖမ်းခံရတယ်။ သူတို့က ဒုက္ခရောက်ပြိးမှသာ ကျွန်တော်တို့ကိုပြောတာ ” ဟု လူကုန်ကူးမှု တာဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့အမှတ်( ၅ )တပ်ဖွဲ့စု (စစ်တွေ )မှရဲအုပ်ကျော်ဇံရွေက ပြောသည်။

အဆိုပါ လူမှောင်ခိုးကူးမှုများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုပြသနာများကို လျော့ချ ဖြေရှင်းနိုင်ရေး အတွက် ရဲတပ်ဖွဲ့အပါအ၀င် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင်သင့်ကြောင်း နွေးနွေးပွဲ တက်ရောက်သူများက ပြောဆိုခဲ့သည်။

စစ်တွေမြို့မြို့မိမြို့ဖဥက္ကဌ ဦးမောင်ထွန်းကျော်က “ ကျွန်တော်တို့ ကြုံတွေ့ခဲတာတစ်ခုကို ပြောချင်ပါတယ်။ ကန်းစောက်ကားဂိတ်မှာပေါ့ လူငယ်တွေ အုပ်စုလိုက် ကားစောင့်နေတာကို တွေ့တယ်။ မေးကြည့်တော့ နိုင်ငံခြားကိုသွားဖို့ စောင့်နေတာလို့ပြော တယ်။ အဲဒီလိုမျိုး သက်၁၈ ၊ ၁၉ နှစ်လူငယ် ၂၀ ၊ ၃၀ တွေ နေ့တိုင်းကို သွားနေတာလို့ ပြောတယ်။ရွာမှာ လူတွေမကျန်တော့ဘူးလို့လည်း ပြောတယ်။ ဒီလူတွေ အလုပ်လုပ်ဖို့ သွာတာလား။ ဘယ်ကိုသွားမှာလဲ မေးတော့ သူတို့မှာ ကိုယ်စားလှယ်တွေရှိတယ်တဲ့ ။ဒီလိုအလုပ်လုပ် ဖို့ သွားတယ်ဆိုသလို လက်ရှိဖြစ်ပျက်နေတဲ့ သဘောအရ လူကုန်ကူးမှုတွေ လည်း ဖြစ်နိုင်တယ် ” ဟု ကဆိုသည်။

From-Narinjara



SHARE THIS
Previous Post
Next Post