တနင်္သာရီတိုင်း ဒယ်အိုးကျွန်းတွင် ဘင်္ဂလီ ၁၀၂ ဦး ဖမ်းဆီးမိ

ထိုင်း-မြန်မာနယ်စပ် ကော့သောင်မြို့နယ် စောင်းကောက်ကျွန်း( ဒေသအခေါ် ဒယ်အိုးကျွန်း) တွင် ဘင်္ဂါလီ ၁၀၂ ဦးကို ဖမ်းဆီးရမိကြောင်း အစိုးရဌာန တာဝန်ရှိသူ တစ်ဦးမှ ပေးပို့သော သတင်းတွင် ဖော်ပြထားသည်။

ယင်းသတင်းအရ ဒယ်အိုးကျွန်း အနောက်မြောက်ဘက် ၂ မိုင်အကွာတွင် ဇွန်လ ၃၀ ရက်နေ့က ရေထဲတွင် မျောပါနေသော ဘင်္ဂလီ တစ်ဦးအား တပ်မတော်ရေမှ ဆယ်ယူရရှိခဲ့ပြီး စောင်းကောက်ကျွန်းတွင် ဘင်္ဂလီများ ထပ်မံ ရောက်ရှိနေသည်ဟု သတင်းရရှိခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး တပ်မတော်ရေ စစ်ရေယာဉ်များမှ ကျွန်းအနီးအနားအား ရှင်းလင်းရာ ရာသီဥတု ဆိုးရွားမှုကြောင့် ရပ်တန့်ခဲ့ရပြီး ဇူလှိုင်လ ၉ ရက်နေ့က ရှင်းလင်းရာ ဘင်္ဂလီ လူမျိုး ၄၅ ဦးအား စတင် ဖမ်းမိခဲ့သည်။ ဇူလိုင်လ ၁၁ ရက်နေ့က နောက်ထပ် ၄၉ ဦးအား ဖမ်းဆီးရမိပြီး ဇူလှိုင်လ ၁၂ ရက်နေ့တွက် နောက်ထပ် အမျိုးသား ၈ ဦးကို ဖမ်းဆီး မိသည်ဟု သိရသည်။

၎င်းတို့သည် ၂၀၁၅ ခုနှစ် မေလ ဆန်းကတည်းက အလုပ်ကောင်းရမည်ဆို၍ မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ် အုန်းကျွန်းအနီးမှ မှောင်ခိုလှေဖြင့် မလေးရှားသို့ ထွက်ခွာလာခဲ့ကြသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလီ ၁၀၂ ဦးအား ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနသို့ လွဲပြောင်းထားပြီး ဘင်္ဂလာဒေ့ရှ်သို့ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။

From-Narinjara



SHARE THIS
Previous Post
Next Post