သမ္မတ ဦးသိန်းစိန်လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်တော့ဟုဆို

လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကျန်းမာရေး အခြေအနေအရ လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဘီဘီစီ (မြန်မာပိုင်း)က ယနေ့ညနေပိုင်းက ကျေညာသွားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သူရွေးကောက်ပွဲ မ၀င်တော့ကြောင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ပေးပို့သော စာတွင် ရေးသား ဖော်ပြထားသည်ဟု ဆိုသည်။

၂၀၁၀ က သူအနိုင်ရရှိခဲ့ရာ နေပြည်တော် ဇဗ္ဗူသီရီ မြို့နယ်တွင် မြို့နယ် အတွင်းရေးမှူး ဦးဌေးဝင်းကို ၀င်ရောက်ယှဉ်ပြိုင်ရန် အကြံပြု ထားသည်ဟု သိရသည်။

From-Narinjara



SHARE THIS
Previous Post
Next Post