ဇ-​ဖောင်​​ဒေးရှင်းမှ ​ရေ​ဘေးသင့်​ ပြည်​သူများအား အခမဲ့ကျန်းမာ​ရေးကူညီ​စောင့်​​ရှောက်​မှု ထပ်​မံ​ပေးသွားမည်

(သြဂုတ်​လ ၁၁ ၊ မင်းပြား)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​အတွင်းရှိ ​ရေ​ဘေးသင့်​ ​ကျေးရွာ​နေ ပြည်​သူများအား အခမဲ့ကျန်းမာ​ရေးကူညီ​စောင့်​​ရှောက်​မှု  ထပ်​မံ​ပေးသွားမည်​ ဖြစ်​​ကြောင်း ​ဇ-​ဖောင်​​ဒေးရှင်းမှ ​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သူ ကိုမြတ်​စိုး​ကျော်​က ​လေးမြို့  သို့  ​ပြောကြားသည်​။

ပထမအကြိမ်​၌ တာဝန်​ခံသူနာပြုတစ်​ဦး၏ အကူအညီဖြင့်​ ခါသာ​ကျေးရွာနဲ့  နားပဲ့​ချောင်းရွာရှိ နာမကျန်းဖြစ်​​နေသူ ၁၀၀ ​ကျော်​ကို အခမဲ့ကျန်းမာ​ရေးကူညီ
စောင့်​​ရှောက်​မှုအဖြစ်​ ဆေးဝါးများ ​ထောက်​ပံ့ကုသနိုင်​ခဲ့ပြီး ဆန်​ ၂၇ အိတ်​ ၊ ကြက်​ဥ ၁၅၀၀ လုံးနှင့်​ ​ရေသန့်​ ၅၈၃ လုံးတို့ ကို ​ထောက်​ပံ့​ပေးခဲ့ပြီးဖြစ်​​ကြောင်း သိရသည်။

ဒုတိယအကြိမ်​တွင်​ကား ဆရာဝန်​များ ၊ ကျန်းမာ​ရေးမှုးများ ၊ သူနာပြုအစရှိ​သော ကျန်းမာ​ရေး ဝန်​ထမ်းများဖြင့်​ အင်​အားဖြည့်​တင်းကာ ကူညီ​စောင့်​​ရှောက်​သွားမည်​ ဖြစ်​​ကြောင်း ကိုမြတ်​စိုး​ကျော်​က ​ပြောကြားသည်​။

ဇ-​ဖောင်​​ဒေးရှင်းသည်​ ​ရေ​ဘေးသင့်​ပြည်​သူများ၏ ကျန်းမာ​ရေးကဏ္ဍကို တစ်​ဖက်​တစ်​လမ်းမှ ကူညီ​ထောက်​ပံ့​နေသည့်​ အဖွဲ့ အစည်းတစ်​ခုဖြစ်​ပြီး ၂၀၀၄-၀၅ တွင်​ ဆယ်​တန်းပညာ အတူသင်​ယူခဲ့ကြသည့်​ ​မင်းပြားမှ ​ကျောင်းသား၊သူများ စု​ပေါင်းတည်​​ထောင်​ထားသည့်​ အဖွဲ့ အစည်းတစ်​ခုဖြစ်​​ကြောင်း သိရသည်။

ထို့ ​ကြောင့်​ ဇ-​ဖောင်​​ဒေးရှင်​နှင့်​ အတူ အလှူပူး​ပေါင်းပါဝင်​လိုသူများမှာလည်း မည်​သူမဆို ကုသိုလ်​ပါဝင်​နိုင်​ပါ​ကြောင်း ​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သူ ကိုမျိုးချစ်​က ​ပြောကြားသည်​။

ဆက်​သွယ်​ရန်​.. ..ဇ-​ဖောင်​​ဒေးရှင်း
(၁) ကိုမြတ်စိုးကျော် (မင်းကြီး - ခွေဆိုင်)
Ph; 09 450541794
(၂) ကိုကောင်းမြတ်ကျော် (THAN Mobile)
Ph; 09 250242287
(၃) ကိုညီညီ (နန်းတော်ဝင် ဂိတ်မှူး)
Ph; 09 251026423
(၄) ကိုညီညီအောင် (SKY Mobile)
Ph; 09 250242158
တို့ ကို ဆက်​သွယ်​လှူဒါန်းနိုင်​​ကြောင်း သိရသည်။

မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းမီဒီယာ)



SHARE THIS