Miss Universe Sittwe မချိုချိုထွန်း ပါဝင်သော အဖွဲ့သည် မြောက်ဦးမြို့နယ် မှ ကျေးရွာ (၃) ရွာသို့ သြဂုတ်လ ၈ ရက်နေ့သွားရောက်ပြီး ဆန်အိတ် ၄၀ နှင့် တခြား အသုံးအဆောင် ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။
သူတို့ လှူဒါန်းခဲ့သော ကျေးရွာများမှာ ရေဘေးဒဏ်ကို ခံခဲ့ရသော သရက်အုပ်၊ ရွာဟောင်းတောနှင့် မောင်သာကုန်းကျေးရွာတို့ ဖြစ်ကြသည်။
ခုလို အကူအညီများ ပေးကမ်း၍ ကျေးရွာသားများကို ဆန်၊ ရိက္ခာစသည်တို့ကို လာရောက် ကူညီကြ၍ အထူးဝမ်းမြောက် ပီတိ ဖြစ်မိသည်ဟု သရက်အုပ် ကျောင်းထိုင်ဆရာတော် ဦးပညာသာမိက ပြောသည်။
Miss Universe Sittwe 2015 မချိုချိုထွန်းမှ ရေဘေးကြောင့် ဒုက္ခရောက်နေသူများကို မြင်တွေ့ရ၍ စိတ်မကောင်းကြောင်း၊ သူမတို့ အနေဖြင့် အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီသွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောဆိုသည်။
Miss Universe Sittwe 2015 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ မဟန်ဏီပိုပိုကလည်း ရေဘေးဒုက္ခရောက်သူများကို မြင်တွေ့ရ၍ စိတ်မကောင်း ဖြစ်မိသော်လည်း ကူညီရသည့် အတွက် ၀မ်းသာပီတိ ဖြစ်မိသည်ဟု ဆိုသည်။
From-Arakan State
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)