Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
ဘူးသီးတောင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ဝ၆၆ သိန်း သိမ်းဆည်းရမိ
ဘူးသီးတောင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ဝ၆၆ သိန်း သိမ်းဆည်းရမိ
နေပြည်တော် ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြို့နယ်ထွေ/အုပ်၊ မမစ (ဘူးသီးတောင်)နှင့် အကောက်ခွန်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက်က ဘူးသီးတောင်မြို့ ဆိပ်ကမ်းသို့ ဝင်ရောက်လာသော 'အောင်သူဟိန်း'စက်လှေကို သတင်းအရရှာဖွေရာ မြွေရေခွံအိတ် ငါးအိတ်အတွင်း နက်စ်ကော်ဖီဂျပ်ဖာ ၁၅ ဖာဖြင့် ထည့်ထားသည့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ဒသမ ၄ သိန်း ရှာဖွေတွေ့ရှိခဲ့ သဖြင့် ရေယာဉ်အုပ်စံလှနှင့် ပါဝင်ပတ်သက်သူများအား စစ်ဆေးလျက်ရှိသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မောင်တောမြို့ အနောက်ရပ်ကွက် အလယ် ရွာနေ စောဝေ၏ နေအိမ်ကို ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ မြွေရေခွံအိတ် အတွင်း R စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆၆ သိန်း ထပ်မံသိမ်းဆည်းရမိသဖြင့် စောဝေ(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
MOI Webportal Myanmar
ဂျပန်​အကူအညီဖြင့်​ ​ကျောက်​ဖြူတွင်​ မိုးလေ၀သရေဒါစခန်းဖွင့်ပြီ
ဂျပန်​အကူအညီဖြင့်​ ​ကျောက်​ဖြူတွင်​ မိုးလေ၀သရေဒါစခန်းဖွင့်ပြီ
ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မိုးလေ၀သတိုင်းတာရေးရေဒါစခန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။
ကျောက်ဖြူမြို့နယ် မင်းပြင်ရွာရှိ အဆိုပါ 'ကျောက်ဖြူ  မိုးလေ၀သတိုင်းတာရေး ရေဒါစခန်းအား အောက်တိုဘာ ၉ ရက်နေ့က ပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် ဂျပန်သံအမတ် မစ္စတာတိတ်ရှီ ဟီဂုချီတို့က ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ဖြူမိုးလေ၀သတိုင်းတာရေး ရေဒါစခန်းအား ၂၀၁၄ ခု မတ်လမှစ၍ တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံ Taisai Corporation မှ တာဝန်ယူသည်။ ရေဒါစက် ပစ္စည်းများ ကိုမူ ဂျပန်နိုင်ငံမှပင် Japan Radio ကုမ္ပဏီလိမိတက်မှ တာဝန်ယူ တပ်ဆင်ပေးခဲ့သည်။
စခန်းမှရရှိမည့် မုန်တိုင်းအခြေအနေ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ မိုးရွာသွန်းမှု စသည့်မိုးလေ၀သ အအခြေအနေ များကို နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုဌာနသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရမည်ဟု နိုင်ငံပိုင်သတင်းစာ ကဖော်ပြသည်။
မိုးလေ၀သရေဒါ၏ ဖမ်းယူနိုင်စွမ်းမှာ အချင်း မိုင် ၅၀၀ ခန့်ရှိပြီး ၂၀၁၆ ခုတွင် ရန်ကုန်မြို့ မိုးလေ၀သရေဒါနှင့် ၂၀၁၇ ၌ ဖွင့်လှစ်မည့် မန္တလေးမြို မိုးလေ၀သရေဒါများပြီးစီးပါက တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ ရေဒါတစ်လုံး၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်ရှိသည်ဟု သိရသည်။
အောက်တိုဘာ ၉ ရက်နေ့ ရေဒါစခန်းလွှဲပြောင်းဖွင့်ပွဲသို့ ဂျပန်သံရုံးမှ ဂျပန်ကောင်စစ်ဝန်၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲတို့လည်း ဆက်ရောက်သည်။
ယခုနှစ် ဇွန်လမှ စက်တင်ဘာအတွင်း ပြည်နယ်တိုင်းများတွင် မိုးကြီးရေလျှံရေမြုပ်ခဲ့ပြီး လူ ၁၃၀ ကျော်အသက်ဆုံးရပြီး လူဦးရေ ၁၆ သိန်း ၉ သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း စက်တင်ဘာနောက်ဆုံးပတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ ပြန်လည်ထူထောင်မှုများ ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များရှိနေပြီး အချိန်ယူရမည်ဟုသိရသည်။
From-Mizzima
အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ဖျက်ဆီးခံရ
အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ဖျက်ဆီးခံရ
စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက်ရွာတွင် စက်တင်ဘာ၂၂ရက်နေ့က ရခိုင်အမျိုးသားပါတီ ရဲ့ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဆိုင်းဘုတ် အဖျက်ဆီးခံခဲ့ရသည့် အတွက် ကျေးရွာပါတီ တာဝန်ရှိသူများမှ အမ်းမြို့နယ်ပါတီရုံးသို့ ဖုန်းဆက်ပြီး အကြောင်းကြားလာသည်ဟု အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်း ကပြောသည်။
“ ပါတီဆိုင်းဘုတ်အဖျက်ခံရတာဟုတ်ပါတယ်။ ပါတီဆိုင်းဘုတ်အဖျက်ခံရတာနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာ ၂၃ရက်နေ့မှာ ကျေးရွာပါတီက အနောက်ရွာရဲစခန်းမှာ တိုင်တန်းထားပါတယ်” ဟုဦးဇော်မင်းက နိရဉ္စရာသို့ ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အမ်းမြို့နယ် မွှားအုပ်စု၊ ပဒဲကြောကျေးရွာတွင် ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တစ်ညတည်းတွင် ဖျက်ဆီးခံရဖူးကြောင်း သိရသည်။
စက်တင်ဘာ၂၃ ရက်နေ့တွင် ဒလက်အုပ်စု၊ အနောက်ရွာ၌ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ဆိုင်းဘုတ်ကို ဖြုတ်ချရန် လူတစ်စုက ဖိအားပေးမှုများ ရှိသည်ဟု ၎င်းကျေးရွာသားတွေက ဖုန်းဆက်၍ပြောဆိုကြောင်း ဦးဇော်မင်း ကပြောသည်။
အမ်းမြို့နယ်၊ ဒလက်အုပ်စု၊ အနောက်ရွာသည် အမှတ်(၂) မဲဆန္ဒနယ်မြေဖြစ်ကြောင်း သိရသည်။
From-Arakan State
www.laymro.com 
မေတ္တာမျှ​ဝေလူငယ်​ (​တောင်​ကြီး)အဖွဲ့ နှင့်​ `ဇ´​ဖောင်​​ဒေးရှင်းတို့  ပူး​ပေါင်း၍ ​ရေ​ဘေးသင့်​​ကျေးရွာများသို့ ကူညီ​ထောက်​ပံ့
မေတ္တာမျှ​ဝေလူငယ်​ (​တောင်​ကြီး)အဖွဲ့ နှင့်​ `ဇ´​ဖောင်​​ဒေးရှင်းတို့  ပူး​ပေါင်း၍ ​ရေ​ဘေးသင့်​​ကျေးရွာများသို့ ကူညီ​ထောက်​ပံ့
(၂၄ စက်​တင်​ဘာလ ၊ မင်းပြား)
တောင်​ကြီးမြို့ မှ ​မေတ္တာမျှ​ဝေလူငယ်​ (လူမှုကူညီ​ရေးအဖွဲ့)၏ ​ပေးပို့ လှူဒါန်း​သော ကျပ်​​ငွေ ၂၂ သိန်းတန်​ဖိုးရှိ ဆန်​ ၊ ဆီ ၊ ဆား ၊ အဝတ်​အထည်​ ၊ ​ရေသန့်များနှင့်​ ​ဆေးဝါးများအား `ဇ´​ဖောင်​​ဒေးရှင်းမှ လွှဲ​ပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်​ပြီး ​ရေ​ဘေးဒဏ်​အဆိုးအဝါးဆုံးကြုံ​တွေ့ ခဲ့သည့်​ ​​ကျေးရွာများဖြစ်​ကြ​သော ကံ​ဖေ ၊ သံရှင်​သစ်​ ၊ ​နော်​​နော်​ (ရခိုင်​) နှင့်​ ပြား​ချောင်း (​တောင်​)ရွာ များသို့  သွား​ရောက်​လှူဒါန်းခဲ့ပြီးဖြစ်​​ကြောင်း ကိုမြတ်​စိုး​ကျော်​က ​ပြောကြားသည်​။
မင်းပြားမြို့ နယ်​ ၊ ဆပ်​ကျာအုပ်​စု ၊ ကံ​ဖေ​ကျေးရွာမှ ​ရေ​ဘေးသင့်​ပြည်​သူများအား ဆန်​ ၃ အိတ်​ကို လည်း​ကောင်း ၊ ဆီသန့်​ ၁၄၂ ဗူးကို လည်း​ကောင်း ၊ အိုင်​အိုဒင်းဆား ၁၄၂ ထုပ်​ကို လည်း​ကောင်း ၊ အဝတ်​အထည်​ ၁ ထုပ်​ကို လည်း​ကောင်း ၊ ​ရေသန့်၁၄၂ ဗူးလည်း​ကောင်း လှူဒါန်းနိုင်​ခဲ့​ကြောင်း `ဇ´​ဖောင်​​ဒေးရှင်းမှ ကိုညီညီ​အောင်​က ​ပြောကြားသည်​။
ထို့ ​နောက်​ မင်းပြားမြို့နယ်​ ၊ သံရှင်​အုပ်​စု ၊ သံရှင်​သစ်​ ​ကျေးရွာမှ ​ရေ​ဘေးသင့်​ပြည်​သူများအား ဆန်​ ၁၁ အိတ်​ကိုလည်း​ကောင်း ၊ ဆီသန့် ၅၅၅ ဗူးကို လည်း​ကောင်း ၊ အိုင်​အိုဒင်းဆား ၅၅၀ ထုပ်​နှင့်​ အခြားပစ္စည်းတို့ ကို ​ပေးအပ်​ခဲ့​ကြောင်း `ဇ´​ဖောင်​​ဒေးရှင်းမှ ကိုထွန်းသိန်း​မောင်​က ​ပြောကြားသည်​။
မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းမီဒီယာ)
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ၀င်ရောက် ပစ်ခတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ကျွန်တော်တို့ သတင်းရတာက ရက္ခိုင့်တပ်မတော်က ရိက္ခာသယ်ယူနေတဲ့ မြင်း ၁၆ ကောင်ကို ဘင်္ဂလာ နယ်ခြားစောင့်တပ် ဘီဂျီဘီက ဖမ်းသွားတယ်လို့ ကြားတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဒီနေ့မနက်က မော်တုတ်ကြီး ဘီဂျီဘီ စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်ပစ်တယ်လို့ ကြားရပါတယ်” ဟု ရုံမော်ကျေးရွာက ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောကြားသည်။
တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ တစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရသူမှာ တပ်သားအဆင့်ရှိ ‘Zakir’ ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများက မီဒီယာများသို့ အတည်ပြုပြောကြားသည်ဟု သိရသည်။
ဒေသခံများကမူ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်သား နှစ်ဦး ကျဆုံးသည်ဟု သတင်းရကြောင်း ပြောကြားသည်။
“ ကျွန်တော်တို့ ကြားရတာက ဒီဘင်္ဂလာဘက်က နှစ်ယောက်ကျတယ်လို့ ကြားရပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘင်္ဂလာစစ်တပ်က ရဟတ်ယာဉ်တွေ ခေါက်တုန့် ခေါက်ပြန် ပျံနေတာကို တွေ့ရပါတယ်။ စစ်သားတွေကို ပို့နေတယ်လို့ သိရပါတယ်” ဟု ဦးမောင်ထွန်းသိန်းက ပြောကြားသည်။
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားသည်ကို နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်သော်လည်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်သား နှစ်ဦးသေဆုံးမှုကို နိရဉ္စရာ အနေဖြင့် ယခု အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိပါ။
၎င်းအပြင် မော်တုတ်ကြီး၊ မော်တုတ်ချေ၊ ပတ်ဝန်းကျင်မှ ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရှိသူ ဒေသခံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ကျေးရွာသားများကို ဘင်္ဂလာစစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်ဟု အမည် မဖော်လိုသူ ဘင်ဒရိုဘင် ဒေသခံ တစ်ဦးက ပြောသည်။
ယခု တိုက်ပွဲ ဖြစ်ပွားရာ မော်တုတ်ကြီးကို ဘင်္ဂလာအစိုးရက ဘော်ရို မော်တုတ်ဟု ခေါ်ပြီး ရခိုင်/ မာရမာများ နေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။ ယင်းရွာသည် ရီကြိုင်ချောင်း ( ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည်ရှိပြီး ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသများနှင့် ဆက်စပ် တည်ရှိသည်။
From-Arakan State