(၂၄ စက်တင်ဘာလ ၊ မင်းပြား)
တောင်ကြီးမြို့ မှ မေတ္တာမျှဝေလူငယ် (လူမှုကူညီရေးအဖွဲ့ )နှင့် မင်းပြားမြို့ အခြေစိုက် `ဇ´ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ အနယ်တွင်းရှိ ရေဘေးသင့်ပြည်သူများအား ၂၁.၉.၂၀၁၅ နေ့ က ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း `ဇ´ဖောင်ဒေးရှင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်စိုးကျော်က ပြောကြားသည်။
တောင်ကြီးမြို့ မှ မေတ္တာမျှဝေလူငယ် (လူမှုကူညီရေးအဖွဲ့)၏ ပေးပို့ လှူဒါန်းသော ကျပ်ငွေ ၂၂ သိန်းတန်ဖိုးရှိ ဆန် ၊ ဆီ ၊ ဆား ၊ အဝတ်အထည် ၊ ရေသန့် များနှင့် ဆေးဝါးများအား `ဇ´ဖောင်ဒေးရှင်းမှ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရေဘေးဒဏ်အဆိုးအဝါးဆုံးကြုံတွေ့ ခဲ့သည့် ကျေးရွာများဖြစ်ကြသော ကံဖေ ၊ သံရှင်သစ် ၊ နော်နော် (ရခိုင်) နှင့် ပြားချောင်း (တောင်)ရွာ များသို့  သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ကိုမြတ်စိုးကျော်က ပြောကြားသည်။
မင်းပြားမြို့ နယ် ၊ ဆပ်ကျာအုပ်စု ၊ ကံဖေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၃ အိတ်ကို လည်းကောင်း ၊ ဆီသန့် ၁၄၂ ဗူးကို လည်းကောင်း ၊ အိုင်အိုဒင်းဆား ၁၄၂ ထုပ်ကို လည်းကောင်း ၊ အဝတ်အထည် ၁ ထုပ်ကို လည်းကောင်း ၊ ရေသန့် ၁၄၂ ဗူးလည်းကောင်း လှူဒါန်းနိုင်ခဲ့ကြောင်း `ဇ´ဖောင်ဒေးရှင်းမှ ကိုညီညီအောင်က ပြောကြားသည်။
ထို့ နောက် မင်းပြားမြို့နယ် ၊ သံရှင်အုပ်စု ၊ သံရှင်သစ် ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၁၁ အိတ်ကိုလည်းကောင်း ၊ ဆီသန့်  ၅၅၅ ဗူးကို လည်းကောင်း ၊ အိုင်အိုဒင်းဆား ၅၅၀ ထုပ်နှင့် အခြားပစ္စည်းတို့ ကို ပေးအပ်ခဲ့ကြောင်း `ဇ´ဖောင်ဒေးရှင်းမှ ကိုထွန်းသိန်းမောင်က ပြောကြားသည်။
ထို့ နောက် မင်းပြားမြို့ နယ် ၊ နရမ်းအုပ်စု ၊ နော်နော် (ရခိုင်)ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၃ အိတ်ကို လည်းကောင်း ၊ ဆီ ၃၃ ဗူးကိုလည်းကောင်း ၊ အိုင်အိုဒင်းဆား ၃၃ ထုပ်တို့ ကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး နရမ်း အုပ်စု ၊ ပြားချောင်း (တောင်)ရွာမှ ရေဘေးသင့်ပြည်သူများအား ဆန် ၁၃ အိတ်ကို လည်းကောင်း ၊ ဆီ များကိုလည်းကောင်း ၊ ရေသန့် ဗူးများကို လည်းကောင်း ၊ ဆားထုပ်များကို လည်းကောင်း ၊ အဝတ်အထည်များကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း ကိုကောင်းမြတ်ကျော်က ပြောကြားသည်။
မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
စစ်တွေ-ရွှေပြည်တန် မိသားစုမှ ဇ-ဖောင်ဒေးရှင်းသို့  ရေသန့် ဗှုးများ လွဲပြောင်းလှူဒါန်း(သြဂုတ်လ ၁၂ ၊ မင)
Miss Universe Sittwe အဖွဲ့ မြောက်ဦးမြို့နယ်တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းMiss Universe Sittwe မချိုချိုထွ&
မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိမင်းပြား (သြဂုတ်
မင်းပြားမြို့၌ ချို့ယွင်းနေသော လျှပ်စစ်မီးစက်ကြီးကို ပြုပြင်နေစဉ်အတွင်း ရပ်ကွက်လိုက် အလှည့်ကျ မီးပေးမည်ဟုဆို မင်းပြား (သြဂုတ်
ဂျပန်အကူအညီဖြင့် ကျောက်ဖြူတွင် မိုးလေ၀သရေဒါစခန်းဖွင့်ပြီဂျပန်နိုင်ငံ၏ အ
ရခိုင်ပြည်နယ်အတွင်း အစိုးရက မျိုးစပါးဖြန့်ဖြူးမှု နှောင့်နှေးနေသဖြင့် လယ်သမားများအနေဖြင့် ရသည့် မျိုးစပါးကို ၀ယ်ယူကြဲပက်နေကြရကြောင်း သိရအစိုးရက မျိုးစပ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)