စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက်ရွာတွင် စက်တင်ဘာ၂၂ရက်နေ့က ရခိုင်အမျိုးသားပါတီ ရဲ့ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဆိုင်းဘုတ် အဖျက်ဆီးခံခဲ့ရသည့် အတွက် ကျေးရွာပါတီ တာဝန်ရှိသူများမှ အမ်းမြို့နယ်ပါတီရုံးသို့ ဖုန်းဆက်ပြီး အကြောင်းကြားလာသည်ဟု အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်း ကပြောသည်။
“ ပါတီဆိုင်းဘုတ်အဖျက်ခံရတာဟုတ်ပါတယ်။ ပါတီဆိုင်းဘုတ်အဖျက်ခံရတာနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာ ၂၃ရက်နေ့မှာ ကျေးရွာပါတီက အနောက်ရွာရဲစခန်းမှာ တိုင်တန်းထားပါတယ်” ဟုဦးဇော်မင်းက နိရဉ္စရာသို့ ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အမ်းမြို့နယ် မွှားအုပ်စု၊ ပဒဲကြောကျေးရွာတွင် ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တစ်ညတည်းတွင် ဖျက်ဆီးခံရဖူးကြောင်း သိရသည်။
စက်တင်ဘာ၂၃ ရက်နေ့တွင် ဒလက်အုပ်စု၊ အနောက်ရွာ၌ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ဆိုင်းဘုတ်ကို ဖြုတ်ချရန် လူတစ်စုက ဖိအားပေးမှုများ ရှိသည်ဟု ၎င်းကျေးရွာသားတွေက ဖုန်းဆက်၍ပြောဆိုကြောင်း ဦးဇော်မင်း ကပြောသည်။
အမ်းမြို့နယ်၊ ဒလက်အုပ်စု၊ အနောက်ရွာသည် အမှတ်(၂) မဲဆန္ဒနယ်မြေဖြစ်ကြောင်း သိရသည်။
From-Arakan State
www.laymro.com
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရခိုင်ပြည်နယ်အတွင်း အစိုးရက မျိုးစပါးဖြန့်ဖြူးမှု နှောင့်နှေးနေသဖြင့် လယ်သမားများအနေဖြင့် ရသည့် မျိုးစပါးကို ၀ယ်ယူကြဲပက်နေကြရကြောင်း သိရအစိုးရက မျိုးစပ
ရခိုင်မျိုးစောင့်အဖွဲ့မှ မျိုးစပါးများဖြန့်ဝေဂျပန်နိုင်ငံ အေ
ရခိုင်ရေဘေးသင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစုမှ ကျပ်သိန်းပေါင်း တစ်ထောင်လှူဒါန်းရခိုင်ပြည်နယ်ရ&
Miss Universe Sittwe အဖွဲ့ မြောက်ဦးမြို့နယ်တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းMiss Universe Sittwe မချိုချိုထွ&
မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိမင်းပြား (သြဂုတ်
စေတနာရှင်များမှ ဇ-ဖောင်ဒေးရှင်းသို့  ငွေကြေး၊ရေသန့်  နှင့် ဆေးဝါး များ လှူဒါန်း (သြဂုတ်လ ၂၂ ၊ မင)
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)