မင်းပြား (သြဂုတ် ၂၀၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့တွင် လျှပ်စစ်မီး မရရှိသောကြောင့် ယနေ့ (၂၀-၈-၂၀၁၅) ရက် ညည့် (၈)နာရီ အချိန်ခန့်က မြို့လူထု အုံကြွ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မင်းပြားမြို့ရှိ လျှပ်စစ်မီးစက်မှ လျှပ်စစ်မီး အဆင်ပြေ ကောင်းမွန်စွာမရရှိဘဲ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုဒဏ်ကို သည်းခံနေကြရသော မင်းပြားမြို့လူထု (၁၀၀၀) ကျော်ခန့်က ယနေ့ညတွင် တပြိုင်တည်း အုံကြွဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့၊ လျှပ်စစ်မီးစက်ကြီးရှေ့တွင် လျှပ်စစ်မီး ကောင်းမွန်စွာရရှိရေးအတွက် မြို့လူထုက အုံကြွတောင်းဆို ဆန္ဒဖော်ထုတ်ကြသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လာရောက် ထိန်းသိမ်း ညှိနှိုင်းခဲ့ရသည်ဟု သိရသည်။
ဆန္ဒပြလူထုသည် ထိုမှတဆင့် မြို့နယ် အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်ကြသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက မနက်ဖြန် တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြောကာ လူစုခွဲစေခဲ့သည်ဟု သိရသည်။
မင်းပြားမြို့တွင် မြို့ပေါ် ရပ်ကွက်ကြီး (၃)ခုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ 500 KVA နှင့်
300 KVA မီးစက်ကြီး (၂) လုံးဖြင့် နေ့စဉ် ညနေ (၇)နာရီခန့်မှ (၁၀)နာရီခွဲခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများလာသောကြောင့် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေရသည်ဟု မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိမိတို့ ရခိုင်ပြည်မှ ထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြုခွင့်မရရှိဘဲ ပြည်မမှလာသော မဟာဓာတ်အားလိုင်းသည် မင်းပြားမြို့နယ်အတွင်းမှ ဖြတ်သန်းသွားသော်လည်း မင်းပြားမြို့ပေါ်၌မူ စုတ်ပြတ်သတ်နေသော မီးစက်ဖြင့် (၄)နာရီကြာကြာခန့် ရရှိပြီး မကြာခဏ ပြတ်တောက်နေသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြရသည်ဟု သိရသည်။
From-မင်းပြား - သတင်း
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆိုမြန်မာ့နိုင်ငံ&
စေတနာရှင်များမှ ဇ-ဖောင်ဒေးရှင်းသို့  ငွေကြေး၊ရေသန့်  နှင့် ဆေးဝါး များ လှူဒါန်း (သြဂုတ်လ ၂၂ ၊ မင)
စစ်တွေ-ရွှေပြည်တန် မိသားစုမှ ဇ-ဖောင်ဒေးရှင်းသို့  ရေသန့် ဗှုးများ လွဲပြောင်းလှူဒါန်း(သြဂုတ်လ ၁၂ ၊ မင)
မေတ္တာမျှဝေလူငယ် (တောင်ကြီး)အဖွဲ့ နှင့် `ဇ´ဖောင်ဒေးရှင်းတို့  ပူးပေါင်း၍ ရေဘေးသင့်ကျေးရွာများသို့ ကူညီထောက်ပံ့ (၂၄ စက်တင်ဘာလ ơ
ရခိုင်ပြည်နယ်အတွင်း အစိုးရက မျိုးစပါးဖြန့်ဖြူးမှု နှောင့်နှေးနေသဖြင့် လယ်သမားများအနေဖြင့် ရသည့် မျိုးစပါးကို ၀ယ်ယူကြဲပက်နေကြရကြောင်း သိရအစိုးရက မျိုးစပ
ဂျပန်အကူအညီဖြင့် ကျောက်ဖြူတွင် မိုးလေ၀သရေဒါစခန်းဖွင့်ပြီဂျပန်နိုင်ငံ၏ အ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)