(သြဂုတ်လ ၂၆ ၊ မင်းပြား)
မင်းပြားအခြေစိုက် `ဇ´ဖောင်ဒေးရှင်း၏ စီစဉ်ကူညီမှုဖြင့် ရန်ကုန်အခြေစိုက် အာဆီယံလူငယ်အဖွဲ့ အစည်း(မြန်မာ)မှ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ်ရှိ ရေဘေးသင့်ကျေးရွာများသို (၂၅-၈-၂၀၁၅)နေ့ က ကိုယ်တိုင်သွားရောက်ကာ ကျပ်သိန်း ၅၀၀၀၀၀၀ ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ နယ်သည် ရေဘေးဒဏ်အဆိုးဝါးဆုံး ခံစားခဲ့ရသည့် မြို့ နယ်များအနက် တစ်မြို့  အဝါအဝင်ဖြစ်ခဲ့ပြီး ရေအမြင့်ပေအများဆုံးတက်ရောက်ခဲ့သော ကျေးရွာများဖြစ်သည့် `တံခွန်တိုင် ၊ ချင်းဆိပ် ၊ တောတန်း ၊ ဒုံကြီးရွာများသို့  အဓိကထား၍ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း အာဆီယံလူငယ်အဖွဲ့ အစည်းမှ ကိုခိုင်မင်းသန်းက ပြောကြားသည်။
အဆိုပါကျေးရွာများတွင် ရေကြီးမှုကြောင့် ရေအမြင့်ပေ ၁၂ ပေကျော်ခန့်  ထိတက်ခဲ့ကြောင်း တင်ကျန်ရစ်ခဲ့သည့် နှုန်းနှင့် ရွံ့  များကို မကြုံစဖူးမြင်တွေ့  ခဲ့ရပြီး အဆိုပါကျေးရွာနေ လူအများစှမှာ ဆင်းရဲနွမ်းပါးခြင်းကြောင့် ခရီးစဉ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း
လမ်းကြောင်းရွေးချယ်၊ကူညီစီစဉ်ပေးခဲ့သည့် `ဇ´ဖောင်ဒေးရှင်းမှ ကိုကောင်းမြတ်ကျော်က ပြောကြားသည်။
ထို့ နောက် အာဆီယံလူငယ်အဖွဲ့အစည်းမှ ရေဘေးသင့်ခဲ့သည့် တံခွန်တိုင်ကျေးရွာအား ဆန်အိတ် ကြီး၂၀၊ ငယ် ၁၁ အိတ်ကို လည်းကောင်း ၊ ဆီ ၁ လီတာပါ ၁၄၂ ဗှူးကို လည်းကောင်း ၊ ရေသန့်  ၁ လီတာပါ ဗူး ၅၅၆ ကိုလည်းကောင်း ၊ ခေါက်ဆွဲထုပ် ၊ ငပိထောင်း ၊ ဆပ်ပြာ ၊ လက်ဖက် ၊ အဝတ်အထည် ၊ ငခြောက်ကြော် ၊ ဓာတ်ဆား ၊ ဆား နှင့် ဆေးဝါးများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မြင့်ကျော်က လက်ခံရယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ နောက်တွင် အာဆီယံ - လူငယ်အဖွဲ့အစည်းနှင့် `ဇ´ဖောင်ဒေးရှင်းတို့  အဖွဲ့ သည် မင်းပြားမြို့  နယ် ၊ သတိုးအုပ်စု ၊ ချင်းဆိပ် ကျေးရွာသို့  ရောက်ရှိခဲ့ပြီး ဆန်အိတ်ငယ် ၈၈ အိတ်ကိုလည်းကောင်း ၊ ရေသန့်ဗှူး ၅၀၀ ကျော်ကိုလည်းကောင်း ၊ ခေါက်ဆွဲထုပ် ၊ ငပိထောင်း ၊ ဆပ်ပြာ ၊ လက်ဖက် ၊ အဝတ်အထည် ၊ ငခြောက်ကြော် ၊ ဓာတ်ဆား ၊ ဆား နှင့် ဆေးဝါးများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ချင်းဆိပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဦးရွှေသိန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် အခြားကျေးရွာများဖြစ်ကြသော တောတန်း နှင့် ဒုံကြီးကျေးရွာများသို့  လည်း လူဦးရေ ၊ အိမ်ထောင်စုအလိုက် အလှူပစ္စည်းများ ခွဲဝေပေးထားနိုင်ခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရခိုင်ပြည်နယ်အတွင်း အစိုးရက မျိုးစပါးဖြန့်ဖြူးမှု နှောင့်နှေးနေသဖြင့် လယ်သမားများအနေဖြင့် ရသည့် မျိုးစပါးကို ၀ယ်ယူကြဲပက်နေကြရကြောင်း သိရအစိုးရက မျိုးစပ
စေတနာရှင်များမှ ဇ-ဖောင်ဒေးရှင်းသို့  ငွေကြေး၊ရေသန့်  နှင့် ဆေးဝါး များ လှူဒါန်း (သြဂုတ်လ ၂၂ ၊ မင)
မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွ ဆန္ဒပြ မင်းပြား (သြဂုတƟ
စစ်တွေတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေး ကယ်ဆယ်ရေး အဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ အနုပညာရှင်များတက်ရောက်သြဂုတ်လ ၁၇ ရက်နေ
ရခိုင်မျိုးစောင့်အဖွဲ့မှ မျိုးစပါးများဖြန့်ဝေဂျပန်နိုင်ငံ အေ
မေတ္တာမျှဝေလူငယ် (တောင်ကြီး)အဖွဲ့ နှင့် `ဇ´ဖောင်ဒေးရှင်းတို့  ပူးပေါင်း၍ ရေဘေးသင့်ကျေးရွာများသို့ ကူညီထောက်ပံ့ (၂၄ စက်တင်ဘာလ ơ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)