(သြဂုတ်လ ၁၆ ရက် ၊ မင်းပြား)
လတ်တလော ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံအနှံ့  ရေကြီးမှုအတွင်း လူအသေအပျောက် အများဆုံးဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ မြစ်နားရွာနှင့် အဝရွာဒေသများသို့  သြဂုတ်လ ၁၅ ရက်နေ့  က သွားရောက်ပြီး ရိက္ခာ၊ ရေသန့်များနှင့် အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်စိုးကျော်က လေးမြို့ သို့ ပြောကြားသည်။
ပြီးခဲ့သော ရက်သတ္တပတ် ၃ ခုလောက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုအတွင်း မင်းပြားမြို့ နယ် ၊ မြစ်နားရွာတွင် လူ ၉ ဦး နှင့် အဝရွာမှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရပြီး သေဆုံးသူ မိသားစုဝင်များအား ဖြေသိမ့်အားပေးစကားပြောကြားကာ တစ်နိုင်တစ်ပိုင်ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုညီညီက ပြောကြားသည်။
ဇ-ဖောင်ဒေးရှင်းအဖွဲ့ သည် ရေဘေးဒဏ်အဆိုးအဝါးဆုံးခံခဲ့ရသည့် မြစ်နားရွာမှ ရေဘေးသင့် ပြည်သူများအား ကြက်ဥ ၈၀၇ လုံး၊ ရေသန့် ဗှူး ၁၀၇၆ ဗှူးနှင့် နာမကျန်းဖြစ်နေသူ ၄၀ ကျော်တို့  အား အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်ပေးခဲ့ပြီး
အဝရွာမှ ရေဘေးသင့် ပြည်သူများအား ကြက်ဥ ၅၁၀ လုံးကို လည်းကောင်း ၊ ရေသန့်ဗှူး ၄၁၀ ကိုလည်းကောင်း ၊ နာမကျန်းဖြစ်နေသူ ၅၀ ကျော်တို့ အား အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်နိုင်ခဲ့ကြောင်း သိရသည်။
ဇ-ဖောင်ဒေးရှင်သည် ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီထောက်ပံ့ပေးနေသည့် ဒေသတွင်း INGO အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ပြန်ထူထောင်ရေးလုပ်ငန်းများကိုလည်း တစ်နိုင်တစ်ပိုင် ဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းလုပ်ဆောင်သွားနိုင်ရန် စီစဉ်ထားကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကောင်းမြတ်ကျော်က ပြောကြားခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)