ပြည်တွင်း ၊ လေးမြို့
ဒီဇင်ဘာလ ၂၉ ရက် ၊ ၂၀၁၅
ပြီးခဲ့သော ဒီဇင်ဘာလ ၂၇ ရက်နေ့ ၊ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ နယ် အနီးတွင် စတင်ဖြစ်ပွားသည့် အစိုးရစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲများအကြား အစိုးရစစ်တပ်ဖက်မှ အထိအခိုက် ၊ အကျအဆုံးများနေသည်ဟု ရက္ခိုင့်တပ်မတော် AA မှ ဒု-စစ်ဦးချုပ် ဦးညိုထွန်းအောင်၏ ဖေ့ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ (၂၇) ရက်မနက်ပိုင်းတိုက်ပွဲနှင့် ဒီဇင်ဘာ (၂၈) ရက်နေ့၊နံနက် (၈)နာရီမှ ညနေ (၉) ခန့့် အထိ ၊တစ်ရက်လုံးနီးပါးတိုက်ပွဲ (နှစ်ရက်ပေါင်း) တွင် မြန်မာစစ်တပ်မှ အရာရှိအပါအဝင် (၂၁)ယောက်ကျဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ စစ်မြေပြင်ထဲတွင် ကျဆုံးသူအရာရှိဟုယူဆရသောသူ များကိုသာရွေး၍ ထမ်းစင်ဖြင့်ထမ်းထုတ်သွားပြီး ရဲဘော် ဟုယူဆရသောကျဆုံးသူ (၅) လောင်းအား ချန်ထားခဲ့ခြင်းများကိုတွေ့ရသည်ဟု ၄င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိအချိန်တွင်လည်း ရက္ခိုင့်တပ်မတော်နှင့် အစိုးရစစ်တပ်တို့  ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေပြီး အစိုးရစစ်တပ်မှ တပ်ရင်းများမှာ
(၁) ခမရ ၃၇၄ ၊ ၃၇၅ ၊ ၃၇၆ ၊ ၅၃၉ (ကျောက်တော် အခြေစိုက်)
(၂) ခမရ ၃၇၇ ၊ ၃၇၈ ၊ ၅၄၀ (မြောက်ဦးအခြေစိုက်)
(၃) ခမရ ၃၇၉ ၊ ၃၈၀ ၊၅၄၁ (မင်းပြားအခြေစိုက်)
(၄) နပခ တပ်ရင်းများ (အမ်း)
(၅) ဒကစ (စစ်တွေ)တို့ဖြစ်သည်ဟု ဦးညိုထွန်းအောင်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
မင်းမြတ်ခိုင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)