နိုင်​ငံ​ရေးတွင်​ ရခိုင်​အမျိုးသမီး ပါဝင်​မှု အားနည်း​နေသည်​ဟု ရခိုင်​အမျိုးသမီးအစည်းအရုံးက ​ပြော

လေးမြို့ 
ဒီဇင်​ဘာလ ၂၉ ရက်​ ၊ ၂၀၁၅

နိုင်​ငံတကာတွင်​ အမျိုးသမီးများသည်​ အမျိုးသားများနှင့်​ တန်းတူရင်​​ဘောင်​တန်းပြီး နိုင်​ငံ​ရေးနယ်​ပယ်​၌ ပါဝင်​​နေပြီဖြစ်​​သော်​လည်း ရခိုင်​ပြည်​နယ်​အတွင်း၌ကား နိုင်​ငံ​ရေးနယ်​ပယ်​၌ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်​ ပါဝင်​မှု အားနည်း​နေ​သေးသည်​ဟု ရခိုင်​အမျိုးသမီးများအစည်းအရုံး ဒု-ဥက္ကဌ ​​ဒေါ်​စောစံငြိမ်းသူက ​ပြောကြားခဲ့​ကြောင်း သိရသည်​။

ဒေါ်​စောစံငြိမ်းသူက အခုကာလအတွင်း အမျိုးသမီး နိုင်​ငံ​ရေးနယ်​ပယ်​အတွင်းသို့ ဝင်​​ရောက်​လာမှုသည်​ ယခင်​ထက်​တိုးတက်​လာ​သော်​လည်း လွှတ်​​တော်​ထဲတွင်​ အမျိုးသမီးဦး​ရေ တွက်​ချက်​ကြည့်​ခြင်း အားဖြင့်​ ရာခိုင်​နှုန်း​အများကြီး အားနည်း​နေ​သေး​ကြောင်း ထင်​ဟပ်​ပြ​နေသည်​ဟု ဆိုသည်​။

ထို့ပြင်​ အမျိုးသမီးများ နိုင်​ငံ​ရေး နယ်​ပယ်​သို့  ဝင်​​ရောက်​ရန်​ လိုသည်​ဟု အမျိုးသားများကပါ လက်​ခံသ​ဘောတူလာသည့်​အချက်​ကို ဝမ်းသာမိ​ကြောင်း ​ပြောကြားခဲ့သည်​ဟ သိရသည်​။

သက်​ထား​ရွှေစင်​ (​လေးမြို့ )



SHARE THIS