လေးမြို့ ၊
ဒီဇင်ဘာလ ၃၁ ရက် ၊ ၂၀၁၅
လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ရက္ခိုင့်တပ်မတော် AA အနေဖြင့် ဗမာလူမျိုးကို ရည်ရွယ်ပြီး တိုက်ခိုက်ခြင်းမဟုတ်ဘဲ မိမိတို့ ရပိုင်ခွင့်ကို သာ တောင်းဆိုသည့် စစ်ပွဲဖြစ်ကြောင်း ရခိုင့်တပ်မတော် AA မှတိုက်ပွဲအတွင်း ပြောရေးဆိုခွင့်ပေးထားသူ တပ်မှူးစိုးလင်းက ပြောကြားလိုက်ကြောင်း DVB သတင်း၏ ဖော်ပြချက်အရ သိရသည်။
"ကျွန်တော်တို့ရခိုင့်တပ်မတော်AAဟာ ဘယ်ဗမာလူမျိုး(အရပ်သား)ကိုမှ
အကြမ်းဖက်မှာမဟုတ်ဘူး။ ကျွန်တော်တို့တိုက်နေတဲ့စစ်ပွဲဟာ
လူမျိုးရေးစစ်ပွဲမဟုတ်ဘဲ ရသင့်တဲ့အခွင့်အရေးကိုတောင်းဆိုတဲ့စစ်ပွဲသာ ဖြစ်ပါတယ်။ ဗမာတွေနဲ့ရခိုင်လူမျိုးတွေကြားမှာ အခုဖြစ်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး သဘောမကွဲလွဲကြဖို့နဲ့နားလည်မှုတွေမလွဲကြဖို့
ပြောကြားချင်ပါတယ်။"
" မြန်မာ့တပ်မတော်ထဲမှာလည်း ရခိုင်လူမျိုးတွေရှိတာပါပဲ။အခုဆိုရင်
facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမုန်းတရားတွေကို
ပွါးများစေမယ့်စကားလုံးတွေ အများကြီးတွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရခိုင်လူမျိုးတွေအနေနဲ့စကားပြောဆင်ခြင်ကြဖို့
ပြောချင်ပါတယ် ဗမာတစ်မျိုးသားလုံးကို စစ်ပွဲဆင်နွဲနေတဲ့ပုံစံ မပြောမိစေဖို့တောင်းဆိုချင်ပါတယ်။"
ဘာဖြစ်လို့လဲဆိုတော့ ဗမာဆိုတာလည်းပြည်ထောင်စု
မြန်မာနိုင်ငံသားတွေပါပဲ ထိုင်းနိုင်ငံလိပ်ကျွန်းအမှုမှာ ရခိုင်နှစ်ယောက်အတွက် ဗမာတွေကလည်း ကူညီကြတာပါပဲ။ ဗမာတွေကသာ ပြည်ထောင်စု စိတ်ဓါတ်မရှိရင် သူတို့အတွက်စိုးရိမ်ကြမှာ မဟုတ်ပါဘူး။ ဗမာလူတွေကိုလည်း ကျွန်တော့်အနေနဲ့ အပြောများများပြောပြီး
ဘာတစ်ခုမှအလုပ်မလုပ်ကြတဲ့အရှောင်သမား(အမုန်းတရားကိုပွါးများစေတဲ့စကားလုံးတွေ)ဖြန့်ဝေရေးသားပြောဆိုနေတဲ့ ရခိုင်တွေကိုနားလည်ပေးကြ ဖို့တောင်းဆိုချင်ပါတယ်။
"ပြီးတော့ မြန်မာပြည်က မူဆလင်(ကုလား)တချို့ကလည်း facebook ထဲမှာ
ရခိုင်ဟန်ဆောင်ပြီးသွေးထိုးပေးနေကြတာတွေကို သတိထားကြဖို့ကိုလည်း
ပြောကြားချင်ပါတယ်။ အသိတရားရှိသူ ရခိုင်လူမျိုးတွေလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ကြရင် မရိုင်းကြဖို့ဆဲကြဖို့ကိုလည်း မှာကြားချင် ပါတယ်။ တစ်ဖက်က ဆဲလာရင်လည်း သဘောထားကြီးကြီးနဲ ပြန်တုံ့ပြန် နိုင်တာဟာ နှစ်ဖက်လုံးအတွက်ကောင်းစေပါတယ်။ "
"ကျွန်တော်တို့တိုက်ခိုက်ရတဲ့အကြောင်းရင်းက ၂၀၁၂ခုနှစ်မှာ ခံစားခဲ့ရတဲ့ ရခိုင်တွေက ပိုသိကြမှာပါ ..ကုလားရွာနဲ့နီးတဲ့နေရာ(ရွာ)တွေမှာလည်း
လုံခြုံမှုမရှိခဲ့ပါဘူး မြန်မာတပ်မတော်က စောင့်ရှောက်ခဲ့တယ်ဆိုပေမယ့်
အပြည့်အဝမကာကွယ်ပေးခဲ့လို့ကုလားအိမ်တွေနဲ့ရခိုင်အိမ်တွေ
မီးလောင်ခဲ့ရတာပါ ဘယ်သူ့အတွက်မှလည်း မကောင်းခဲ့ပါဘူး။ ပြီးတော့ ၁၉၈၂ ဥပဒေ ဒီနေ့အထိအကောင်အထည်မပေါ်သေးဘူး ။ ရခိုင်ပြည်မှာ မူဆလင်(ကုလား)ကတိုးလာပြီး ရခိုင်တွေက ပြည်ပမှာထွက်ပြီး အလုပ်လုပ်ရတော့ လူဦးရေတဖြည်းဖြည်းနည်းလာနေပါတယ်။"
ရခိုင်လူမျိုးတွေလည်းအနာဂတ်အတွက် ရင်လေးစရာအခြေအနေကို
အားလုံးနားလည်ကြဖို့လိုပါတယ်။ သယံဇာပေါကြွယ်ဝပြီး ကိုယ်တိုင်
သုံးစွဲခွင့်မရှိဘူး။ ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေ နေပျော်စေမယ့်
အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိဘူး။ ကျွန်တော်တို့တိုက်နေတာဟာ
ရခိုင်တွေရဲ့အခွင့်အရေးအတွက် မဟုတ်ရင် ကျွန်တော် AA ထဲကို
ရောက်လာမှာမဟုတ်သလို ဒီစစ်ပွဲလည်း ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။"
"ကျွန်တော်တို့ဟာမူဆလင်(ကုလား)တွေကို တိုက်ခိုက်နေတာမဟုတ်သလို
ဗမာတွေကိုတိုက်ခိုက်တာလည်း လုံးဝမဟုတ်တဲ့အကြောင်း"
၎င်းကဆက်ပြောသွားခဲ့သည်ဟု DVB တွင် ဖော်ပြထားသည်များကို တွေ့ ရသည်။
မောင်ကာကြီး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
မင်းပြား၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများ ဖွဲ့စည်းပြီး ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေဟုဆို မင်းပြား (Feb 23, 2016) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာ
AA တပ်သားဟု ယူဆရသူ နှစ်ဦးကို တောင်ကုတ်၌ ဖမ်းမိဟု ဆိုတောင်ကုတ် ၊
တောင်ကုတ် ကိုင်းရှည်တံတားအောက်က လူသတ်မှု တရားခံ ၁ ဦးကို ဖမ်းမိပြီ(Criminal News) Feb 16 , 2016 မနေ့ (ဖေ)
ရခိုင်လူထုဆန္ဒကို အလေးမထားဘဲ ပြည်နယ်အစိုးရဖွဲ့ မည်ဆိုပါက NLD အခက်ကြုံလိမ့်မည်ဟု ရခိုင်ဝန်ကြီးချုပ်ဟောင်းက ဆို (Political News) Jan 21 , 2016 ဒေသခံရခိƞ
အမ်းမြို့ နယ် ၊ ရူးတွင် ရှေးဟောင်းကျောက်စာတစ်ချပ် တွေ့ ရှိ(Short Local News) Jan 16 , 2016 ရခိုင်ပြ
မြန်မာနှစ်ဦးအား ဥပဒေကြောင်းအရ လုပ်ဆောင်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို...ပြည်တွင်း ၊ လေြး
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)