ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သပြုချောင်းကျေးရွာ မှ မြန်မာစစ်တပ် ၏ ပေါ်တာဆွဲ ခံရသည့် ရွာသားနှစ်ဦးတွင် တစ်ဦးမှာ တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိသွားပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။
ပေါ်တာဆွဲခံရ၍ ဒဏ်ရာရရှိသွားသူမှာ သပြုချောင်းကျေးရွာမှ ဦးသန်းစိန် (၃၂) ဖြစ်ပြီး ယခုအခါ စစ်တွေဆေးရုံတွင် တင်ထားရပြီး ကျန်တစ်ဦးမှာ သေမှန်း ရှင်မှန်း မသိ ပျောက်ဆုံးနေသည်ဟု ဦးသန်းစိန်၏ ဆွေမျိုးတစ်ဦးက ပြောသည်။
ဦးသန်းစိန်သည် ၎င်းဒဏ်ရာဖြင့် တောထဲတွင် ၃ရက်ခန့် နေခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာ နေရာမှ ထွက်ပြေး လွတ်မြောက် လာကာ ကျောက်တော်မြို့နယ် သရက်သတပင် ကျေးရွာ လူမှုကွန်ယက်အဖွဲ့မှ အကူအညီဖြင့် ကျောက်တော်ဆေးရုံသို့ ဒီဇင်ဘာ ၃၀ ရက်နေ့က ရောက်ရှိလာခဲ့သည်ဟု သိရသည်။
လက်မောင်းမှာ ကျိုးသွားပြီး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ် သဖြင့် ကျောက်တော် ဆေးရုံမှ စစ်တွေဆေးရုံသို့ ဒီဇင်ဘာ ၃၀ ရက်နေ့ တွင်ပို့ဆောင်ခဲ့ရာ စစ်တွေဆေးရုံသို့ ည ၈နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။
ဒီဇင်ဘာလ ၃၁ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လူနာမှာ စိုးရိမ်စရာမရှိဟု သိရသည်။
မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ် အကြား ကျောက်တော်မြို့နယ် ရမ်းချောင်း တောင်တန်း များတွင် တိုက်ပွဲများ ဖြစ်ပွားနေရာ ယခု အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိမှုမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားအနီးရှိ သရက်တပင်ကျေးရွာမှ ဦးစံထွန်း ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ သူတို့ရွာမှ ၄-၅ မိုင်ခန့် ကွာဝေးပြီး သေနက်သံများကိုလည်း နေ့စဉ် ကြားနေရသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာနေရာမှ သေနတ်သံများကို နေ့တိုင်းကြားနေကြရသဖြင့် ရွာသားများ အကြား စိုးရိမ်ထိတ်လန့် နေကြသည်ဟု သူက ဆိုသည်။
လက်မောင်းတွင် ဒဏ်ရာရရှိထားသော ဦးသန်းစိန်ကို စစ်တွေဆေးရုံကြီး တွင် ဆေးကုသခံယူနိုင်ရန်အတွက် သရက်တပင် လူမှုကွန်ရက်မှ ခုသောင်းကျပ်၊ ကျောက်တော်မြို့ လူမှုကွန်ယက်မှ တစ် သိန်း ကျပ်၊ ကျောက်တော်ဆေးရုံမှ ဆရာဝန် တစ်ဦးမှ တစ်သိန်းကျပ်နှင့် စစ်တွေ လူမှုအဖွဲ့အစည်းတစ်ခုမှ ငါးသောင်းကျပ် ကူညီ လှူဒါန်းခဲ့သည်ဟု သိရသည်။
From-ရခိုင်ပြည်သတင်းဌာန
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရကသဥက္ကဌ ကိုထွန်းမင်းခန့် အား ၂၀၁၄ ခုနစ်က ဆန္ဒထုတ်ဖော်မှုဖြင့်ကမာရွတ်ရဲစခန်းမှ အမှုဖွင့် (Local News) Jan 14 , 2016 ရခိုင်ကေ&#
ရခိုင်မြောက်ပိုင်းက ပီချောင်းအနီးတွင် ယနေ့အထိ ပစ်ခတ်သံများ ကြားနေရဆဲ(Civil War News) Feb 22 , 2016 လွန်ခဲ့ƞ
မင်းပြားမြို့ လူနေရပ်ကွက်၌ MPT တာဝါတိုင် တည်ဆောက်ခြင်းအား ကန့်ကွက်မှုအတွက် မြို့နယ်ရှိ တာဝန်ရှိလူကြီးများမှ လာရောက် ညှိနှိုင်းမင်းပြား (Dec 29, 2015) ရခို
နိုင်ငံရေးတွင် ရခိုင်အမျိုးသမီး ပါဝင်မှု အားနည်းနေသည်ဟု ရခိုင်အမျိုးသမီးအစည်းအရုံးက ပြော လေးမြို့  ဒီဇင်
၂၀၁၆ ခုနှစ် မင်းပြားသင်္ကြန်သည် မြောက်ဦးခရိုင်တွင် အစည်ကားဆုံး ရိုးရာသင်္ကြန်ပွဲတော် ဖြစ်လာ (Western News) April 15 , 2016 ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးခရိုင်တွင် သောက်သုံးရေရှာ
AA တပ်သားဟု ယူဆရသူ နှစ်ဦးကို တောင်ကုတ်၌ ဖမ်းမိဟု ဆိုတောင်ကုတ် ၊
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)