ဇန်နဝါရီ ၁၁ ရက် ၊ ၂၀၁၆
အစိုးရအနေဖြင့် AA ကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး မဖြစ်နိုင်ကြောင်း ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားလိုက်သည်ဟု နိရဉ္စရာ နှင့် အင်တာဗျူးမေးမြန်းချက်တွင် ဖော်ပြသည့် ပြောစကားများအရ သိရသည်။
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့က နိရဉ္စရာ သတင်းဌာနမှ ဦးအေးသာအောင်အိမ်တွင် ပြုလုပ်ထားသော အင်တာဗျူးစကားများအရ..
" အခု ကျွန်တော်တို့ကြားတာက အေအေကို အမြတ်ပြတ် ချေမှုန်းမယ် ဆိုတဲ့ အသံတွေ ကြားတယ်။ ဒါဟာ မဖြစ်သင့်ဘူလို့ ကျွန်တော်တို့ မြင်တယ်။ အမြတ်ပြတ်ချေမှုန်းဖို့ ကြိုးစားလာတာ နှစ်ပေါင်း ၆၆ နှစ်ကျော်ပြီ။ မဖြစ်နိင်ဘူး။ အဓိက ဒီကနေ့ ကာလမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့လည်း ရက်အနည်းဘဲ လိုတော့တယ်။ ဒီလို အချိန်မှာ ဒီလိုစကားမျိုးတော့ မ ပြောသင့်ဘူးလို့ ထင်တယ်။ အဓိက တိုင်ရင်းသား သွေးစည်း ညီညွတ်ရေးကို ထူထောင်ဖို့ဆိုရင် ဆွေးနွေးဖို့လိုတယ်။ ညှိနိုင်းဖို့လိုတယ်။ အခုလို တိုက်ခိုက်နေမယ့် အစား အမြန်ဆုံးရပ်တန့်ပြီးတော့ အေအေကို NCA လက်မှတ်ထိုး တဲ့ အထဲမှာ ဖိတ်ခေါ်သင့်တယ်။ "ဟု သိရသည်။
ထို့ပြင် ဦးအေးသာအောင်က " အဓိက ရည်ရွယ်ချက် ကတော့ ရခိုင်အမျိုးသား ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက် တိုက်ပွဲ ၀င်ဖို့ ဖြစ်တယ်။ အေအေ သည်လည်း ရခိုင်အမျိုးသား ရပိုင်ခွင့်၊ ရခိုင်အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့် ရဖို့အတွက် တိုက်ပွဲနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်။ ဘယ်လိုဘဲ ကချင်ပြည်နယ်မှာ အခြေစိုက် အခြေစိုက် အဓိကသည် ရခိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ရခိုင်ပြည်နယ်ကို အစဉ်တစ်စိုက် ဟုတ်လား ၀င်ရောက်ဖို့ ကြိုးပမ်းတယ်။ "ဟု ဖော်ပြထားသည်ကို တွေ့ ရသည်။
ထို့ ပြင် " အခု ကျင်းပမယ့် ပြည်ထောင်စု ညီလာခံမှာ ဖိတ်ခေါ်သင့်တယ်။ ဆွေးနွေး သင့်တယ်။ တင်ပြခွင့် ပေးသင့်တယ်လို့ မြင်တယ်။ ပီးတော့မှ ပြည်ထောင်စု တစ်ခုလုံး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ကို တည်ဆောက်ပြီးတော့ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ဟုတ်လား ဖော်ဆောင်ပေးမှ တကယ့် ဒီတိုက်ပွဲ ရပ်သွားမယ်။ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရမယ်လို့ မြင်ပါတယ်။ "ဟု သူ၏ အမြင်များကို ပြောကြားခဲ့ကြောင်း သိရသည်။
လေးမြို့ သား
ဓာတ်ပုံ - Arakan State
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဆွံ့အနားမကြား မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုအပေါ် ခင်ဦးမြို့နယ်တရားရုံး၏ အမှုစီရင်ချက်ကို မကျေနပ်၍ ဆန္ဒပြ အသက်မပြည့်သေးသ&
လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု ကာချုပ်ပြောနေပြည်တော်
တည်ငြိမ်အေးချမ်းမှုမရှိသေးသဖြင့် ရခိုင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရန် ကြောက်ရွံ့ နေ ကျောက်တော်
ရခိုင်ဒေသစစ်ပွဲများ ဖြစ်ပွားရခြင်းသည် NCA ကြောင့် ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆိုကျောက်တော်
(၂၃၁)နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာ ကျရှုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနား မင်းပြားတွင် ပြုလုပ်မည်မင်းပြား (Dec 28, 2015) (၂၃၁)*
မြေစာပုံ ထပ်မံပြိုကျ၍ ဖားကန့်တွင် ၃ ဦးသေဆုံးဖားကန့် ၊ လေြး
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)