"ဇ "နှင့်​ ပန်းပျိုးလက်​တို့  ​ပေါင်း၍ စစ်​​ဘေးဒုက္ခသည်​များကို စားနပ်​ရိက္ခာများ လှူဒါန်း

မြောက်​ဦး ၊ ​လေးမြို့ 
ဇန်​နဝါရီ ၁၁ ရက်​ ၊ ၂၀၁၆

ရခိုင်​ပြည်​နယ်​ မင်းပြားမြို့  အ​ခြေစိုက်​ "ဇ"​ဖောင်​​ဒေးရှင်းနှင့်​ ကျိန်းရိပ်​မြီက ပန်းပျိုးလက်​ ပရဟိတအဖွဲ့ တို့  ပူး​ပေါင်း၍  ရခိုင်​စစ်​​ဘေး​ရှောင်​ ဒုက္ခသည်​များအား ဇန်​နဝါရီ ၁၀ ရက်​(မ​နေ့ က) အ​ရေး​ပေါ်စားနပ်​ရိက္ခာများ သွား​ရောက်​​ပေးအပ်​ လှူဒါန်းခဲ့​ကြောင်း သိရသည်​။

အဆိုပါ ပူး​ပေါင်းအဖွဲ့ သည်​ ​ကျောက်​​တော်​မြို့ နယ်​ ၊ ရွာမပြင်​​စစ်​​ဘေး​ရှောင်​ဒုက္ခသည်​စခန်း ၊ ​မြောက်​ဦးမြို့ နယ်​ရှိ ​စေတီ​တောင်​ဒုက္ခသည်​ စခန်းနှင့်​ ကျီရာပြင်​ဒုက္ခသည်​စခန်းတို့  အား ကိုယ်​တိုင်​သွား​ရောက်​ကာ ကျပ်​ ၂၀ သိန်းဝန်းကျင်​တန်​ဖိုးရှိ အ​ခြေခံစားနပ်​ရိက္ခာများအား ​ပေးအပ်​လှူဒါန်းခဲ့​ကြောင်း "ဇ"​ဖောင်​​ဒေးရှင်းမှ Chief Leader ကို​ကောင်းမြတ်​​ကျော်​၏ ​ပြောကြားချက်​အရ သိရသည်​။

အဆိုပါအဖွဲ့သည်​ ရွာမပြင်​စစ်​​ရှောင်​ ဒုက္ခသည်​ စခန်းမှ ​ဒုက္ခသည်​ ၆၉ ဦးအား ဆန်​ (၇) အိတ်​ ၊ ဆီကာတွံ(၂)ဗှုး ၊ အာလူးအိတ်​ကြီး (၂) အိတ်​ ၊ ကြက်​ဥ (၃၀၀)လုံးကို လည်း​ကောင်း ၊ ​စေတီ​တောင်​​စစ်​​ရှောင်​ ဒုက္ခသည်​ စခန်းမှ ဒုက္ခသည်​ ၇၉ ဦးအတွက်​ ဆန်​ (၆)အိတ်​ ၊ ဆီ ဗှုး(၂)  ဗှုး ၊ ကြက်​ဥ (၃၀၀)လုံး ၊ အာလူးအိတ်​ကြီး (၂) အိတ်​ ကိုလည်း​ကောင်း ၊ ကျီရာပြင်​ဒုက္ခသည်​စခန်းမှ စစ်​​ဘေး​ရှောင်​ ၁၁၇ ဦးတို့ အတွက်​ ဆန်​ (၇)အိတ်​ ၊ ဆီစက္ကူဖာ (၂)ဗှုး ၊ အာလူးအိတ်​ကြီး (၂) အိတ်​ ၊ ကြက်​ဥ (၄၀၀)လုံးကို လည်း​ကောင်း အသီးသီး​ပေးအပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့ )



SHARE THIS
Previous Post
Next Post