တည်​ငြိမ်​​အေးချမ်းမှုမရှိ​သေးသဖြင့်​ ရခိုင်​စစ်​​ဘေးဒုက္ခသည်​​တွေ ​နေရပ်​ပြန်​ရန်​ ​ကြောက်​ရွံ့ ​နေ

ကျောက်​​တော်​ ၊ ​လေးမြို့ 
ဇန်​န၀ါရီ ၁၁ ရက်​ ၊ ၂၀၁၆

ရခိုင်​​ဒေသ၌ ဖြစ်​ပွားခဲ့​သော စစ်​ပွဲများ​ကြောင့်​ ​နေရပ်​စွန့်ခွာထွက်​​ပြေးလာကြသည့်​ စစ်​​ရှောင်​ဒုက္ခသည်​တို့ နယ်​​မြေတည်​ငြိမ်​၊​အေးချမ်းမှုမရှိ​သေးသဖြင့်​ မိမိ​နေရပ်​ပြန်​ရန်​ ​ကြောက်​ရွံ့ ​နေကြ​ကြောင်း ​မြောက်​ဦးမြို့ နယ်​ ၊ ​စေတီ​တောင်​​ရောက်​​ စစ်​​ဘေး​ရှောင်​ဒုက္ခသည်​များအား ကူညီအကျိုး​ဆောင်​​ပေး​နေသည့်​ ဦး​ဆန်း​မောင်​က ​လေးမြို့ သို့ ​ပြောကြားသည်​။

ပြီးခဲ့​သော ရက်​သတ္တပတ်​​လောက်​က ရခိုင်​​ဒေသတွင်း စစ်​ပွဲများ​ကြောင့်​ ​နေရပ်​စွန့်ခွာ၊ထွက်​​ပြေးလာကြသည့်​ ဒုက္ခသည်​ ၂၆၃ ဦးရှိခဲ့ပြီဖြစ်​ပြီး အများစုမှာ နယ်​​မြေလုံခြုံမှုမရှိခြင်း​ကြောင့်​ ထွက်​​ပြေးလာခြင်းဖြစ်​​ကြောင်း ​ကျောက်​​တော်​မြို့ နယ်​ ၊ ရွာမပြင်​စစ်​​ဘေး​ရှောင်​ဒုက္ခသည်​များ အ​ရေး​ပေါ်ကူညီ၊ကယ်​ဆယ်​​ရေး ​ကော်​မတီမှ ဆရာ​တော်​ဦးသုဝဏ္ဏက ​လေးမြို့ သို့ ​မိန့်ကြားသည်​။

" ဒုက္ခသည်​ ​တွေ အရင်​တပတ်​ထက်​ နည်းနည်း တိုးလာတယ်​...အခုဆို ရွာမပြင်​စခန်းမှာ ၆၇ ဦးရှိပြီ .... ​နေရာထိုင်​ခင်းက​တော့ ပြည့်​စုံ​နေပါပြီ..လာလှူထားကြလို့ ...လိုတာက​တော့ အစားအစာပါပဲ....သူတို့ ဘယ်​​အချိန်​မှ အိမ်​ပြန်​နိုင်​မလဲ မသိ​သေးဘူး​လေ....ဒီ​တော့ အစားအစာက သူတို့  ဒီမှာ ရှိ​နေသ​ရွေ့ လိုအပ်​​နေမှာပဲ"ဟု ဆရာ​တော်​က မိန့်ကြားသည်​။

အဆိုပါ ​နေရပ်​​စွန့်​ခွာထွက်​​ပြေးလာကြသည့်​ ဒုက္ခသည်​ များအ​နေဖြင့်​ မိမိ​နေရပ်​ပြန်​ရန်​ မည်​သည့်​အခက်​အခဲများရှိနိုင်​သနည်းဟု ​လေးမြို့ က ​မေးမြန်းရာ
စေတီ​တောင်​ဒုက္ခသည်​စခန်း​ရောက်​ ​ကျောက်​​တော်​မြို့ နယ်​ ၊ ဘာရီ​ကျေးရွာမှ ဦးသာလှက "ဘယ်​​တော့ အိမ်​ပြန်​နိုင်​မလဲ...မသိ​သေးဘူး...အစိုးရဖက်​ကလည်း လုံခြုံပြီ ... ပြန်​နိုင်​ပြီလို့ မ​ပြော​သေးဘူး.....မြန်​မြန်​​တော့ အိမ်​ပြန်​ချင်​တာ​ပေါ့" ဟု ​ပြောကြားသည်​။

AA တို့ ခို​အောင်းရာ​နေရာများအား အစိုးရတပ်​မ​တော်​မှ နယ်​​မြေရှင်းလင်းမှုများ ဆက်​လက်​ပြုလုပ်​ပြီး မကြာခဏဆိုသလို လက်​နက်​ကြီး ပစ်​ခတ်​သံအချို့ ကြား​နေဆဲဖြစ်​​ကြောင်း ကျီရာပြင်​​ကျေးရွာမှ အမည်​မ​ဖော်​လိုသူ ​ကျောင်းဆရာမတစ်​ဦးက ​ပြောကြားသည်​။

မင်းမြတ်​ခိုင်​ (​လေးမြို့ )



SHARE THIS
Previous Post
Next Post