ိတောင်ကုတ် ၊ လေးမြို့ 
ဇန်န၀ါရီ ၉ ရက် ၊ ၂၀၁၆
မနေ့ (ဇန်န၀ါရီ ၈ ရက်နေ့ )က တောင်ကုတ် ၊ နစကဂိတ်၌ ရက္ခိုင့်တပ်မတော် AA တပ်သားများဟု ယူဆရသူ ၂ ဦးကို ဖမ်းဆီးမိသည်ဟု RIA အွန်လိုင်းသတင်းစာမျက်နှာ၌ ဖော်ပြထားသည်ကို တွေ့ ရသည်။
၎င်းတို့ ၂ ဦးကို အောင်သစ္စာ အဝေးပြေးယာဉ်ကနေ နယ်မြေခံရဲတပ်ရင်းက သတင်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး
ဖမ်းမိခံခဲ့ရသူ ၂ ဦးမှာ မင်းပြား မှ ၁ ဦးနှင့် ကျောက်တော်မြို့နယ်မှ ၁ ဦး ဖြစ်ကြောင်း သိရသည်။
သို့ သော် ထိုနှစ်ဦး၏ အမည်နှင့် ရာထူးအဆင့်တို့ကို မသိရသေးဟု ဖော်ပြထားသည်။ ထို နှစ်ဦးအား ဒီကနေ့ ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်မှာ တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ပြီး ၁၁ နာရီခွဲခန့်အချိန်တွင် အစိုးရတပ်မတော်သုံးယာဉ်နှင့် ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရသည်။
ဒီကနေ့ ဇန်န၀ါရီ ၉ ရက်နေ့ဟာ စနေနေ့ဖြစ်ပြီး နိုင်ငံတော် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီကနေ့မှာ ရုံးတင်စစ်ဆေးခဲ့တယ်ဆိုတာ ဥပဒေနှင့် သွေဖီနေတယ်လို့ တောင်ကုတ်မြို့နယ်မှ ရှေ့နေများက ပြောကြားကြောင်း RIA တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
မင်းမြတ်ခိုင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)