(Political News)
Jan 21 , 2016
ရခိုင်ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၃ နေရာထိ အများဆုံးအနိုင်ရထားသော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ်အစိုးရဖွဲ့ခွင့်မရဘဲ ပြည်နယ်လွှတ်တော်ထဲတွင် ၉ နေရာသာ အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ချုပ်ကိုင်၍ ရခိုင်ပြည်နယ်အစိုးရဖွဲ့ စည်းမည်ဆိုပါက တဖက်သတ်ဆန်လွန်းရာ ကျကြောင်း ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခိုင်ပြည်စိုးက ပြောကြားလိုက်သည်။
“ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကို သူတို့ ( NLD ) က ဦးဆောင်ဖွဲ့စည်းမယ် ဆိုတာတွေကတော့ တစ်ဘက်သတ် ဆန်လွန်းပါတယ်။ NLD ပါတီက ရခိုင်ပြည်မှာ ၉ နေရာပဲ အနိုင် ရရှိတယ်။ ကျန်နော်တို့က ၂၃ နေရာ အနိုင်ရရှိတယ်။ ကျန်နော်တို့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကို အနာဂတ် မြန်မာနိုင်ငံတော် အကျိုးစီးပွားရေးကို မျော်ကိုးပြီးတော့ ဖွဲ့စည်းမယ် ။ အဲဒီလို မဟုတ်ရင် NLD က မည်သည့် ကမ်းလှမ်းချက်ကို မဆို ၀န်ကြီးဌာန အပါအ၀င် အစိုးရ ဖွဲ့စည်းတာမှာ လုံးဝ ပါဝင်မှု မရှိပဲနဲ့ ကျန်နော်တို့ အတိုက်ခံ နေသွားမယ် ” ဟု ဦးခိုင်ပြည်စိုးက ပြောကြားကြောင်း Daily News တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး အပါအ၀င် စုစုပေါင်းကိုယ်စား လှယ် ၄၇ ဦး ရှိသည့်အနက် ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ANP ပါတီမှ ၂၃ ဦး၊ NLD ပါတီမှ ၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃ ဦးတို့က အသီးသီး အနိုင်ရရှိထားကြောင်း သိရသည်။
မင်းမြတ်ခိုင် (လေးမြို့ )
Uncategories
NLD ၏ ပြည်နယ်အစိုးရဖွဲ့ ရေး စီစဉ်ချက်သည် တစ်ဖက်သတ်ဆန်လွန်း ကျသည်ဟု ဦးခိုင်ပြည်စိုးက တုံ့ပြန်ပြောဆို
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)