(Criminal News)
Feb 16 , 2016
မနေ့ (ဖေဖော်ဝါရီ ၁၅ ရက်နေ့ )က ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားအောက်တွင် တွေ့ ရှိရသော လူသေလောင်း၏ တရားခံကို သိရပြီ ဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သေဆုံးသူမှာ တောင်ကုတ် ဂူတာတံတားဦးတွင် နေထိုင်သူဖြစ်ပြီး မောင်သာထွန်း (အသက် ၂၄ နှစ်) ဖြစ်ကြောင်း သိရသည်။ တရားခံမှာ တောင်ကုတ်မြို့ ၊ ကန်ပိုင်ရပ်ကွက်မှ ကိုစိုးမင်းဌေး (အသက်၁၉ နှစ်) အဘအမည် ဦးဘစိန် နှင့် နောက်တစ်ဦးမှာ ကိုအောင်ကျော်မိုး (ကိုယ်ရေးအချက်အလက်စုံစမ်းဆဲ) တို့ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါအမှုမှ တရားခံ ၂ ဦးအနက် ကိုစိုးမင်းဌေး အား ဖမ်းမိထားကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး နောက်တစ်ဦးဖြစ်သူ ကိုအောင်ကျော်မိုးမှာ တိမ်းရှောင်ထွက်ပြေးနေကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုဦးကပြောကြားသည်ဟု သိရသည်။
မောင်လူအေး
လေးမြို့ သတင်းမီဒီယာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)