အိမ်​ယာမဲ့များအား အစိုးရဖက်​မှ တာဝန်​ယူရန်​ အစီစဉ်​မရှိဟု ဆို

(Local News)
Jan 24 , 2016

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းရှိ အိမ်​ယာမဲ့ ဆင်းရဲသားလူတန်းစားများ၏ ​နေထိုင်​အိမ်​များအား အစိုးရဖက်​မှ ကျူး​ကျော်​ဟု ယူဆသုံးနှုန်းကာ အင်​အားသုံးဖြိုခွင်း​နေပြီး အဆိုပါ အိမ်​ယာမဲ့များ အစိုးရပိုင်းမှ တာဝန်​ယူ​ဖြေရှင်း၊ စီစဉ်​​ပေးရန်​ ​လော​လောဆယ်​ အစီစဉ်​မရှိ​ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ​ပြောကြားခဲ့​ကြောင်း BBC သတင်းတွင်​ ​ဖော်​ပြချက်​အရ သိရသည်​။

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ဒဂုံဆိပ်​ကမ်းမြို့ နယ်​ ၊ ​မြေကွက်​ ၃၇ ရှိ ဆင်းရဲသားလူတန်းစားများ ​နေထိုင်​​သော အိမ်​အချို့ အား ကုမ္ပဏီလုပ်​သားများနှင့်​ ရဲတပ်​ဖွဲ့တို့ ပူး​ပေါင်း၍ မ​နေ့  ၂၃ ရက်​ ၊ မနက်​ပိုင်းက အင်​အားသုံးဖြိုခွင်း​ခဲ့​ကြောင်း သိရပြီး ​မှော်​ဘီမြို့ နယ်​ ၊ ​မြောင်းတကာ​ကျေးရွာ အနီးတွင်​လည်း ယ​နေ့  မနက်​ ၄ နာရီ​လောက်​က အစိုးရဘက်​​တော်​သား လူ ၄၀၀ ​ကျော်​က ​နေအိမ်​များ ကျူး​ကျော်​ဟု ဆိုကာ အင်​အားသုံး ဖြိုခွင်းဖျက်​စီးသွားခဲ့​ကြောင်း သိရသည်​။

ပြည်​သူ၏ ​လိုအပ်​ချက်​များကို အစိုးရဖက်​မှ တာဝန်​ယူမရှိ​သေးသည်​မက အင်​အားသုံးဖြိုခွင်း​နေမှုများသည်​ ​လူ့ အခွင့်​အ​ရေးနှင့်​ လူသားချင်းစာနာ​ထောက်သူများအကြား ​ဝေဖန်​​ပြောကြားစရာ အ​ကြောင်းအရာတစ်​ခု ဖြစ်​​နေ​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )



SHARE THIS
Previous Post
Next Post