(Local News)
Jan 22 , 2016
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နှစ်စဉ် ပွင့်လင်းသောနွေရာသီရောက်တိုင်း ရေအခက်အခဲကြုံတွေ့ လျက်ရှိသည့် မြို့ များအနက်တစ်မြို့ ဖြစ်သော မင်းပြားမြို့ ၏ သောက်သုံးရေ လိုအပ်ချက်ကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မည့် မင်းပြားမြို့ နယ် ၊ အဝရွာအုပ်စု ၊ ခွဆုံရွာအနီးရှိ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် တည်ဆောက်နေသည့် မြောင်းကြီးဆည် တည်ဆောက်နေမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးဆုံးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြောင်းကြီးဆည် တည်ဆောက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးခုနစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဒေါက်တာစံရွှေအောင်၏ ကြိုးပမ်း၊စွမ်းဆောင်မှုကြောင့် တည်ဆောက်ခွင့်ရရှိခဲ့ပြီး အဆိုပါဘဏ္ဍာရေးနှစ်တွင်ပင် ခွင့်ပြုငွေ ကျပ်သိန်း ၃၀၀၀ ကျော်တို့ ဖြင့် မင်းကျန်စစ်-ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း မင်းပြားမြို့နယ် ၊ စည်ပင်သာယာရေးကောမတီ ဥက္ကဌ ဦးခင်ဇော်ဝင်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
မောင်ကာကြီး(လေးမြို့ )
ဓာတ်ပုံ - Ko Zaw Ko Zaw
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)