(Civil War News)
Feb 22 , 2016
လွန်ခဲ့သောလပိုင်းက ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ရခိုင်တပ် AA တို့ နှစ်ဖက်အကြား တိုက်ပွဲများပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်ကြားရှိ ပလက်ဝမြို့ နယ် ၊ ပီချောင်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)အထိ ပစ်ခတ်များ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် ကျောက်တော်မြို့ နယ်နှင့် ပလက်ဝမြို့နယ်ကြားရှိ ရမ်းချောင်းအနီးတွင် ပစ်ခတ်သံအချို့ မကြာခဏဆိုသလို ကြားနေရပြီး နှစ်ဖက်အကြား တိုက်ပွဲဖြစ်ခြင်းလား (သို့) အစိုးရစစ်တပ်ဖက်မှ နယ်မြေရှင်းလင်းခြင်းများလား တိကျစွာ မသိနိုင်ကြောင်း ရမ်းချောင်းဖက်မှ ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
လက်ရှိအချိန်၌ အစိုးရစစ်တပ်ဖက်မှ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တပ်မတော်နှင့် ဆက်စပ်နေသူအချို့ကို ခေါ်ယူစစ်ဆေးနေပြီး ရခိုင်တပ်မတော်မှ ဒုဗိုလ်မှုးကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် တပ်သားအချို့လည်း ဖမ်းဆီးမိထားကြောင့် နိုင်ငံတွင်း မီဒီယာများ၏ ဖော်ပြချက်များကို သိရသည်။ ထို့ပြင် အစိုးရစစ်တပ်ဖက်မှ AA တပ်သားများအား လက်နက်ငြိမ်းချမ်းရေးလုပ်ရန် ဖြန့်ဝေစာများအား ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဆင့်ပွားဖြန့် ဝေထားကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ပေါ်တာဆွဲခံရသည့် ရွာသား တိုက်ပွဲတွင် သေနတ်ဒဏ်ရာရ၊ ကျန်တစ်ဦး ပျောက်ဆုံးနေချင်းပြည်နယ်၊ ပ
မင်းပြားမြို့ ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် မြောင်ကြီးဆည် တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီးပြီ(Local News) Jan 22 , 2016 ရခိုင်ပြည&#
ဝမ်ပေါင်ထံမှ ဒေသခံများက တစ်နှစ်စာ သီးနှံလျော်ကြေး တောင်းဆိုဆန္ဒပြ (Local News) Jan 16 , 2016 စစ်ကိုင်&#
စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့ (မင်းပြား - ဇွန် ၁၀ ) ရခိုင်ပြည်နယ် ၊ မင်းပြားမြို့မှ စည်းကမ်းထိန်းသိမ်းရေးသံင်္ဃာတော်များအသင်း
မြောင်းဘွေ - ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ ကျိန်းရိပ်မြေ FC အသင်းနှင့် မြောက်ဦးလက်ရွှေးစင် အသင်းတို့ တွေ့ ဆုံ (Local Sport News) Feb 25 , 2016 ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ နယ် ၊ မြောင်းဘွေစံပြ
ရခိုင်ဘုရားပုထိုးများအား မူလလက်ရာဖျက်ကာ လက်ရာသစ်ဖြင့် ပြုပြင်တည်ဆောက်နေဟု ဝေဖန်သံများ ထွက်ပေါ်နေ (ယဉ်ကျေးမှု) Feb 23 , 2016 မြန်မာနိုင်ငံ ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ရခိုင်ပြည်နယ်မှ မြောက်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)