(ယဉ်ကျေးမှု)
Feb 23 , 2016
မြန်မာနိုင်ငံ ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ရခိုင်ပြည်နယ်မှ မြောက်ဦးရှိ ရှေးဟောင်းရခိုင်ဘုရားပုထိုးတော်များအား မူလလက်ရာကို ဖျက်ကာ လက်ရာသစ်ဖြင့် ပြုပြင်တည်ဆောက်နေဟု ဒေသခံများက ဝေဖန်ပြောကြားနေကြကြောင်း သိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပုဂံရှိ ဘုရားပုထိုးများကို ပြုပြင်မွမ်းမံရာ၌ မူလလက်ရာမပျက်ဘဲ မွမ်းမံပြင်ဆင်နေသော်လည်း ရခိုင်ဒေသရှိ ဘုရားပုထိုးတော်များကိုမူ မူလလက်ရာဖျက်ကာ လက်ရာသစ်ဖြင့် ပြုပြင်နေကြောင်း ဒေသခံများ၏ ဝေဖန်သံများ ထွက်ပေါ်လာပြီးနောက် နာမည်ကြီး သမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီးအပါအဝင် မြောက်ဦးရှိ ရှေးဟောင်းဘုရားပုထိုးအချို့ပြုပြင်မွမ်းမံနေမှုအား ယဉ်ကျေးမှု ဝန်ကြီးဌာနက ရပ်ဆိုင်းထားကြောင်း Narinjara ၏သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများအား ဖြတ်၍ ရထားသံလမ်းဖောက်လုပ်မှုကြောင့် လွန်ခဲ့သာ နှစ်ပေါင်း ၂၅၀၀ ကျော်ခန့် က ရှေးဟောင်း ဓညဝတီနန်းတော်ရာအပါအဝင် ရှေးဟောင်းယဉ်ကျေးအမွေအနစ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
လေးမြို့ သား