Showing posts with label ဈေးကွက်. Show all posts
Showing posts with label ဈေးကွက်. Show all posts
ရန်ကုန်မြို့၌ အိမ်ခန်းငှားရမ်းခများ အဆမတန် မြင့်တက်လာ

ရန်ကုန်မြို့၌ အိမ်ခန်းငှားရမ်းခများ အဆမတန် မြင့်တက်လာ

ရန်ကုန်မြို့အတွင်း၌ အိမ်များ ငှားရမ်းနေထိုင်သူများ အနေဖြင့် အိမ်ငှားရမ်းခများမှာ လက်ရှိပေါက်ဈေးထက် အဆမတန် မြင့်တက်နေခြင်းကြောင့် ငှားရမ်းနေထိုင်သူများ အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း လုံးချင်းအိမ်များနှင့် တိုက်ခန်းငှားရမ်း နေထိုင်သူများထံမှ သိရသည်။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သည့် မိသားစုက ''ကျွန်မတို့ လင်မယား နှစ်ယောက်တည်းနေတာ။ ငှားတုန်းက တစ်လ ကိုးသောင်းပေးရတယ်။ အခန်းကလည်း အကောင်းကြီးတော့ မဟုတ်ဘူး။ နှစ်လပဲ ရှိသေးတယ်။ အိမ်လခတက်သွားပြီ တစ်လကို တစ်သိန်းနှစ်သောင်း ဖြစ်သွားပြီတဲ့။ ကျွန်မတို့ လင်မယား နှစ်ယောက်ပေါင်းရင် တစ်လလေးသိန်း လောက်တော့ရတယ်။ ဘယ်လိုမှ မတက်နိုင်တော့ဘူး'' ဟု ဆိုသည်။

လှည်းတန်းတွင် နေထိုင်သည့် အိမ်ငှား တစ်ဦးကလည်း ''ပွဲစားအချို့ စီးပွားရှာတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိသင့်တယ်။ အခုဆိုရင် သူတို့ ပွဲခလိုချင်တိုင်း ဈေးတွေကို လျှောက်ပြောနေတယ်။ နေတဲ့သူတွေ အနေနဲ့ကလည်း ရွှေ့ပြောင်းရမှာ အလုပ်ရှုပ်မှာဆိုးလို့ ဆက်နေကြတာလည်း ရှိတယ်။ မနေနိုင်လို့ ပြောင်းကြတဲ့ သူတွေလည်း ရှိတယ်။ အိမ်ငှားတဲ့ ဈေးက တစ်လတစ်လ ပိုများလာတယ်'' ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အိမ်ခြံမြေ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာကာ အိမ်ငှားရမ်း နေထိုင်ရန်အတွက် များစွာ ခက်ခဲလျက်ရှိသည်။

အိမ်ငှားရမ်းသူများ အနေဖြင့် နေရာကောင်းလျှင် ဈေးနှုန်းများ ပိုပေးရပြီး အများဆုံး ငှားရမ်းသည့် နေရာများမှာ တာမွေ၊ လှည်းတန်း၊ ကျောက်မြောင်း၊ ရန်ကင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် အိမ်ငှားရမ်းမှုများ အများဆုံး ပြုလုပ်လာကြပြီး အနည်းဆုံး ခြောက်လ စာချုပ်ရကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ ယုဇနဥယျာဉ်မြို့တော်တွင် ယမန်နှစ် အိမ်ငှားရမ်းခမှာ ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ အကြားရှိရာမှ ယခုအခါတွင် ၅၀၀၀၀ မှ ၆၀၀၀၀ အထိ လည်းကောင်း၊ သာကေတမြို့နယ်တွင် ယမန်နှစ်ကကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ အထိရှိရာမှ ယခုအခါ ကျပ် ၅၀၀၀၀ မှ ၇၀၀၀၀ အထိလည်းကောင်း၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊ ရန်ကင်း၊သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ယမန်နှစ်က ကျပ် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ရှိရာမှ ယခုအခါ ၁၀၀၀၀၀ မှ ၁၅၀၀၀၀ အထိ လည်းကောင်း ငှားရမ်းခများ မြင့်တက်ခဲ့သည်။

ယင်းကဲ့သို့ အိမ်ငှားရမ်းခများ အဆမတန် မြင့်တက်မှုများ ရှိလာခြင်းကြောင့် နယ်များမှ လာရောက် အခြေချ လုပ်ကိုင်သူများမှာ အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင် လာရကြောင်း သိရသည်။
Myanmar News Update
 
တရုတ် စကားပွင့်ခြောက် ဈေးတက်လာသဖြင့် တရုတ် စကားပွင့် ကောက်သူ များပြား

တရုတ် စကားပွင့်ခြောက် ဈေးတက်လာသဖြင့် တရုတ် စကားပွင့် ကောက်သူ များပြား

+တရုတ် စကားပွင့်များ စတင် ပွင့်စဉ်က တရုတ် စကားပွင့်ခြောက် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဈေး ပေး ဝယ်ယူရာမှ တရုတ် စကားပွင့်များ လှိုင်လှိုင်ပွင့်သော ယခု ကာလတွင် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းနှစ်ထောင်ဈေးပေး ဝယ်ယူလျက်ရှိရာ တောင်ငူမြို့တွင် တရုတ် စကားပွင့်ခြောက်ကောက် ရောင်းသူ များပြားလျက် ရှိသည်။
''တရုတ် စကားဆိုရာမှာ အနီရောင် ပွင့်တဲ့အပင်၊ အဖြူရောင် ပွင့်တဲ့အပင်၊ အကျော်လို့ ခေါ်တဲ့ အဖြူရောင် အပွင့်ကြီး ပွင့်တဲ့အပင် ဘယ်အပင်က အပွင့်မဆို ဝယ်ပါတယ်'' ဟု တောင်ငူမြို့ပေါ်ရှိ တရုတ် စကားပွင့် ခြောက် အဝယ်ဒိုင် တစ်ဦးက ပြောသည်။

တရုတ် စကားပွင့်ခြောက်ကို ပြည်ပသို့ တင်ပို့ကြောင်းနှင့် ဆေးဝါး ထုတ်လုပ်ရေး ကုန်ကြမ်းအဖြစ် ဝယ်လို အားများကြောင်း သိရသည်။

http://www.myawady.com.mm/allnews/local/item/11634-2013-04-20-10-25-33

တရုတ် စကားပွင့်ခြောက် ဈေးတက်လာသဖြင့် တရုတ် စကားပွင့် ကောက်သူ များပြား

တရုတ် စကားပွင့်များ စတင် ပွင့်စဉ်က တရုတ် စကားပွင့်ခြောက် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဈေး ပေး ဝယ်ယူရာမှ တရုတ် စကားပွင့်များ လှိုင်လှိုင်ပွင့်သော ယခု ကာလတွင် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းနှစ်ထောင်ဈေးပေး ဝယ်ယူလျက်ရှိရာ တောင်ငူမြို့တွင် တရုတ် စကားပွင့်ခြောက်ကောက် ရောင်းသူ များပြားလျက် ရှိသည်။
''တရုတ် စကားဆိုရာမှာ အနီရောင် ပွင့်တဲ့အပင်၊ အဖြူရောင် ပွင့်တဲ့အပင်၊ အကျော်လို့ ခေါ်တဲ့ အဖြူရောင် အပွင့်ကြီး ပွင့်တဲ့အပင် ဘယ်အပင်က အပွင့်မဆို ဝယ်ပါတယ်'' ဟု တောင်ငူမြို့ပေါ်ရှိ တရုတ် စကားပွင့် ခြောက် အဝယ်ဒိုင် တစ်ဦးက ပြောသည်။

တရုတ် စကားပွင့်ခြောက်ကို ပြည်ပသို့ တင်ပို့ကြောင်းနှင့် ဆေးဝါး ထုတ်လုပ်ရေး ကုန်ကြမ်းအဖြစ် ဝယ်လို အားများကြောင်း သိရသည်။ 

http://www.myawady.com.mm/allnews/local/item/11634-2013-04-20-10-25-33
နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ

နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ

Friday, April 19, 2013

ငွေကြေးအကျပ်အတည်းကြောင့် ဆိုက်ပရပ်စ်ဗဟိုဘဏ်မှ ရွှေထုတ်ရောင်းချမှု၊ ဆိုက်ပရပ်စ် ဗဟိုဘဏ်မှ IMF-EU ၏ Bailout အစီအစဉ်အရ အပေါင်တင်ထားသည့် ရွှေ ၁၄ တန်အား ထုတ်ရောင်းမည့် သတင်းထွက်ပေါ်မှုနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ဧပြီလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ဒေါ်လာအထိ ကျဆင်းခဲ့ရသည်။

ဧပြီလ ဒုတိယပတ်အထိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၈၀ ကျော်အထိ ရှိနေရာမှ ထိုးဆင်း ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၄ ဒသမ ၅၆ အထိသာ ပြန်လည်မြင့်တက်သေးသည်အထိ အကျဈေးတွင်သာ တည်ရှိနေခဲ့သည်။ကမ္ဘာ့ရွှေဈေးပေါ် မူတည်၍ ဈေးဖွင့်သည့် မြန်မာ့ရွှေဈေး အနေဖြင့် ကမ္ဘာ့ရွှေဈေး ကျသည့်အတွက် လိုက်ပါကျဆင်းခဲ့ကြောင်း တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ မှ ကျပ် ၈၀၀၀၀ အထိပင် ကျဆင်းခဲ့သည်။

သင်္ကြန်ကာလ မတိုင်မီက ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇၃၉၅၀၀ ဖြင့် ဈေးပိတ်သွားခဲ့သော်လည်း မြန်မာနှစ်ဆန်း ၂ ရက်နေ့ (ဧပြီလ ၁၈ ရက်နေ့) ရွှေဈေးပြန်ဖွင့်သည့် အချိန်တွင် တစ်ကျပ်သားလျှင် ကျပ် ၆၆၈၅၀၀ ဖြင့်သာ ဈေးဖွင့်နိုင်ခဲ့သည်အထိ ကျဆင်းခဲ့သည်။မြန်မာ နှစ်ဆန်း ၂ ရက်နေ့တွင် အဖွင့်ဈေး ကျပ် ၆၆၈၅၀၀ ဖြင့် စတင်ခဲ့သော်လည်း ညနေပိုင်းတွင် ဈေးပြန်တက်ခဲ့ပြီး ကျပ် ၆၉၁၀၀၀ ဖြင့် ဈေးပိတ်ခဲ့ရကြောင်း၊ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

သို့သော် သင်္ကြန်ကာလ မတိုင်မီ နောက်ဆုံးဈေးဖြင့် တွက်ချက်ပါက တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ၀န်းကျင် ထိုးဆင်းခဲ့ခြင်းဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိပါသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က "ငွေကြေး အကျပ်အတည်းကြောင့် နိုင်ငံတကာက ဘဏ်တွေ ရွှေထုတ်ရောင်းတဲ့အတွက် နိုင်ငံတကာ ရွှေဈေးကျဆင်းတာပါ။

နိုင်ငံတကာ ဈေးကျလို့ ပြည်တွင်းရွှေဈေး ကျတာပါ။ မြန်မာ့ရွှေဈေးက နိုင်ငံတကာဈေးနဲ့ပဲ ချိတ်ဆက်ထားတာဖြစ်လို့ နိုင်ငံတကာ ဈေးအတက်အကျပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိပါတယ်။ ထိန်းချုပ်ဖို့ မရှိဘူး။ နိုင်ငံတကာ ဈေးအတက်အကျအတိုင်းပဲ သွားမှာပါ" ဟု ပြောကြားခဲ့ပါသည်။

Eleven Media Group

ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ

ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ

ဧပြီလ ၁ ရက်မှ ၆ ရက်နေ့အထိ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးအလိုက် အတက်အကျ
ဖြစ်သွားနိုင်ခြေရှိကြောင်း ရွှေကုန်သည်များက ဆိုသည်။

“ပြီးခဲ့တဲ့ အပတ် မတ်လ ၂၅ ရက်ကနေ ၃၀ ရက်အထိ တပတ်အတွင်း ရွှေဈေးကို ဒေါ်လာဈေးနဲ့ (တရုတ်) ယွမ်ဈေးက ဦးဆောင်သွားခဲ့တယ်။ ဒေါ်လာနဲ့ ယွမ်ဈေး တက်ရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်တက်တယ်။
ဒေါ်လာနဲ့ ယွမ်ဈေးကျရင် ပြည်တွင်း အခေါက်ရွှေဈေး လိုက်ကျခဲ့တယ်။ ဒီတပတ် (ဧပြီ ၁ ရက်မှ ဧပြီ ၆ ၇က်အထိ) မှာတော့ ကမ္ဘာ့ရွှေဈေး ဦးဆောင်သွားနိုင်ဖွယ်ရှိမယ်လို့ ခန့်မှန်းပါတယ်” ဟု ရွှေကုန်သည် ဦးစံမြင့် က
ပြောကြားသည်။

ယခင် သီတင်းပတ်အတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးမှာ ၁ အောင်စလျှင် ၁,၆၁၀ ဒေါ်လာ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးမှာ ၁,၅၉၅ ဒေါ်လာ ဖြစ်ခဲ့သည်။

“မတ်လ နောက်ဆုံးပတ်မှာ ပြည်တွင်းရွှေ ပေါက်ဈေးအရ နယ်စပ်က ရွှေအဝင် ပါးပါးရှိတယ်။ နယ်စပ်ဘက်က
ရွှေပေါက်ဈေး မြင့်တဲ့အခါ ပြည်တွင်းရွှေ နယ်စပ်ဘက်ကို ခပ်ပါးပါး စီးဆင်းမှု ရှိတယ်။ သိသိသာသာ များများ စားစားကြီးတော့ မဟုတ်ဘူး။ အရပ်ဝယ်လက်တွေလည်း ငြိမ်နေတယ်။ လက်ကြီးတွေလည်း မိတ္ထီလာ ပြဿနာ
နောက်ပိုင်း ငြိမ်နေတယ်။ အကယ်၍ ကျပ် ၇၅၀,၀၀၀ ထက် ကျပ် ၅၀၀ ဝန်းကျင်လောက် ဈေးထက်တက်ရင်တော့ အရပ်ဝယ်လက်တွေ ရွှေပြန်ထုတ် ရောင်းလာနိုင်ပါတယ်” ဟု ရွှေကုန်သည် ဦးအေး က ဆိုသည်။

မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၅၀,၀၀၀ ကျပ်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၇၄၀,၀၀၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့သည်။

  မဇ္ဈိမ

ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ 

Re-Post By ACM 3-4-2013

အေးချမ်းမွန် Credit & Copy From >> မဇ္ဈိမ << Thank
တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

မတ် ၁၉ ရက်၊ ၂၀၁၃

အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင်ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ်များ ရောင်းချ မည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ်တိုး ၀ယ်ယူကြမည့် အခြေအနေများ ဖြစ်ထွန်း နေသောကြောင့် ဖုန်းဈေးကွက်လှုပ်လှုပ်ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။

ဂျီအက်စ်အမ်ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၂၀၀၀ နှင့် WCDMA ဖုန်းကတ်တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဆိုသော သတင်းများက အပတ်စဉ်ထုတ်ပုဂ္ဂလိကသတင်းဂျာနယ်များတွင် ဖော်ပြထားရာ ပြည်သူအများစုမှာ မိုဘိုင်းလ် ဖုန်းဟန်းဆက်အရောင်းဆိုင်များသို့ ကြိုတင်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း မိုဘိုင်းလ်ဖုန်းဟန်းဆက် အရောင်းဆိုင် များထံမှ သိရှိရသည်။

ရန်ကုန်-အင်းစိန်လမ်းမကြီးဘေး၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော NES ဖုန်းဟန်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်မျိုးမျိုးက ဖုန်းကတ်များထွက်ရှိမည့် ဧပြီလ ၁ ရက်နေ့မတိုင်မီ လာရောက်ကြိုတင်စာရင်းပေးသွင်းနေသူ ရာချီရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ငွေကျပ်ထောင်ဂဏန်းလောက်နဲ့ ဖုန်းကတ်ရမယ်ဆိုတော့ လူတွေက တော်တော်လာမေးကြတယ်။ စာရင်းပေးတဲ့ လူတွေ လည်းရှိတယ်။ ကျမတို့ကလည်း သတင်းတွေမှာသာဖတ်နေရတာ၊ ဘယ်လိုပေးမလဲ၊ ဘယ်လိုရောင်းမလဲဆိုတာ သေသေ ချာချာမသိတော့ လာမေးတဲ့သူတိုင်းကို စာရင်းယူထားလိုက်တယ်။ ထောင်ဂဏန်းဆိုတော့ တကယ်ဖုန်းကတ်တွေ ထွက်လာရင် ဈေးကွက်က ရုတ်တရက် ၀ယ်လိုအား တအားထိုးတက်ဖို့ပဲ သေချာနေပြီ” ဟု ဒေါ်မျိုးမျိုးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့ ငွေကျပ် ထောင်ဂဏန်းသာရှိသည့် ဖုန်းကတ်များအမှန်တကယ် ထွက်ပေါ်လာပါက ဈေးပေါပြီး သက်သာ သည့် တရုတ်နိုင်ငံလုပ် ဖုန်းဟန်းဆက်များ ၀ယ်လိုအား ထိုးတက်လာနိုင်သည်ဟု လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူ တဦးဖြစ်သူ ကိုဝေယံ ကပြောသည်။
”တရုတ်က လာတဲ့ ဟန်းဆက်ဈေးပေါပေါလေး တွေရောင်းရဖို့များတယ်။ ငွေသောင်းဂဏန်းလောက်နဲ့ ဖုန်း ပြောနိုင်မယ့် ဖုန်းလေးတွေရောင်းရမယ်”ဟု ၎င်းက ဆိုသည်။ ရန်ကုန်လူငယ်အများစုမှာ လည်း ငွေကျပ်ထောင်ဂဏန်းဖြင့် ရောင်းချမည့် ဖုန်းကတ်များအပေါ် ရင်ခုန်စွာ စောင့်ဆိုင်း နေကြသည်ဟု သိရှိရသည်။

“ကျနော်က ဖုန်းကတ်ထွက်လာရင် ကိုင်ဖို့ ဟန်းဆက်လှလှလေးတွေ လိုက်ကြည့်နေတယ်။ ၂ သိန်းနဲ့ ရောင်းတုန်းက အိမ်က ၀ယ်မပေးနိုင်ဘူးလို့ပြောတယ်။ ထောင်ဂဏန်းဆိုတော့ ၀ယ်ပေးမယ်။ ဒါပေမယ့် ဟန်းဆက် ကိုတော့ ဈေးပေါပေါ လေးပဲ ၀ယ်ပေးမယ်ပြောလို့ ဈေးလည်းပေါ ကင်မရာလေးဘာလေး ရိုက်လို့ရတဲ့ ဖုန်းဟန်းဆက်လေးတွေ လိုက်ရှာနေတာ။ ကျနော်တို့သူငယ်ချင်းတွေလည်း အားလုံး ဖုန်းကတ်ဝယ်ဖို့ လုပ်နေကြပြီ” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော Grade 9 ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

နယ်ဒေသများတွင် လည်း ထောင်ဂဏန်းမျှဖြင့် ဖုန်းကတ်များ ၀ယ်ယူအသုံးပြုနိုင်မည်ဆိုသော သတင်း များပျံ့နှံ့နေ သည့်အတွက် လယ်သမားအပါအ၀င် ကျေးလက်နေ လူတန်းစား အများစုစိတ်ဝင်စား လျက်ရှိ ကြောင်း မအူပင်ဒေသခံ တဦးက ဆိုသည်။

“ဖုန်းကတ် တကတ်ကို ထောင်ဂဏန်းနဲ့ရမယ်ဆိုတဲ့ သတင်းကြားရတယ်။ မအူပင်ဘက်က လယ်သမား တွေလည်း တကယ်ဖုန်းထွက်ရင် မြို့တက်ဝယ်မယ်ဆိုပြီး ပြောကြ၊ ဆိုကြ တိုင်ပင်နေကြတယ်။ မအူပင်မြို့ပေါ်မှာလည်း ဖုန်းဟန်း ဆက် အရောင်းဆိုင်တွေရှိပေမယ့် စောစောသုံးချင်ကြလို့ ရန်ကုန် တက်ဝယ်ကြမယ်ဆိုပြီး ကျနော့်အသိ လယ်သမား တွေက မေးနေကြတယ်” ဟု မအူပင်မြို့ပေါ်မှ ဆန်စပါးကုန်သည်တဦးက ပြောသည်။

ငွေကျပ်ထောင် ဂဏန်းတန် တန်ဖိုးနည်းဖုန်းများကြောင့် ပြည်သူအများစု၏ ဆက်သွယ်ရေး အဆင်ပြေလာ မည်ဖြစ်သည့် အပြင် စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ်သမားများ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လယ်သမားများသည် အခက်အခဲများနှင့် သိရှိလိုသော သတင်းအချက်အလက် များကိုသတ်မှတ်နေရာ များနှင့် ကုန်စည် ဒိုင်များတွင် မေးမြန်းနိုင်သဖြင့် လယ်ယာစီးပွားရေး လုပ်ငန်း အထူးအောင်မြင်ဖြစ်ထွန်းကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပဲဈေး၊ နှမ်းဈေး၊ စပါးဈေး အပါအ၀င် သတင်း အချက်အလက်အားလုံး မေးမြန်းနိုင်သည့် စနစ်တရပ်ပေါ်ထွန်းလျှင် ဖုန်းကိုင်မည့် လယ်သမားများ အဆင်ပြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။

”လယ်ပြင်မယ်။ ပိုးသတ်ဆေးဖြန်းမယ်။ သီးနှံစိုက်မယ် ဆိုရင် မိုဘိုင်းလ်ဖုန်း တစ်လုံးရှိတာနဲ့ Service Provider လို့ခေါ်တဲ့ ဒေသတွင်း သတင်းအချက်အလက်စင်တာတွေနဲ့ လှမ်းချိတ်ပြီးတော့ အချိန်နဲ့ တပြေးညီ အကုန်လုံး လုပ်လို့ရသွားတာပေါ့။ အချင်းချင်းလည်း ဒေသအလိုက်ပေါက်ဈေး တွေညှိုလို့ ရလာမယ်။ မိုဘိုင်းလ်ဖုန်း လုပ်ငန်းဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရအနေနဲ့အမြတ် ထုတ်ရမယ့် လုပ်ငန်း မဟုတ်ဘူး။ အရင်က လုပ်စားတဲ့ခွင်ကြီးတစ်ခုဖြစ်ခဲ့တာ။ အဲဒီ အတွက် တိုင်းပြည်က အများကြီး နိမ့်ကျ ကျန်ခဲ့တယ်။ အခုမှဖြစ်လာပေမယ့် ၀မ်းသာပါတယ်”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းဖုန်းများအမှန်တကယ်ထွက်ရှိလာပါက လူထုကို မှန်ကန်စွာ အသုံးပြုစေနိုင်ရန်အတွက် ပညာပေးမှုများ ဆောင်ရွက်သင့်ကြောင်း ဘလော့ဂါကိုနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။
”တော်တော်များများက ဖုန်းကို ဆက်သွယ်စကားပြောဖို့လောက်ပဲ သုံးကြတာများတယ်။ အင်တာနက်သုံးလို့ရတယ်။ သတင်း တွေကြည့်မယ်။ ဖုန်းကိုဆက်သွယ် ပြောဆိုတာထက် အကျိုးရှိရှိသုံးနိုင်အောင် ပညာပေးလေးတွေတော့ များများလုပ်ဖို့လိုမယ်”ဟု အိုင်တီကျွမ်းကျင်သူ ကိုနေဘုန်းလတ် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းတယ်လီဖုန်းသန်းချီ တိုးချဲ့ တပ်ဆင်မည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် မိုဘိုင်းလ်ဖုန်းအလုံးရေ ၁၀ သန်း၊ ၂၀၁၄-၂၀၁၅ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၁၄ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၁၅ ဒသမ ၅ သန်း စုစုပေါင်း၃၉ ဒသမ ၅ သန်းအထိ ချထား ပေး မည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့်ရလာ ဖြစ် ကြောင်း၊ အနာဂတ် တွင် ဆက်သွယ်ရေး လုပ်ငန်း များကို အစိုးရဘက်ဂျက်ငွေကို မှီခိုအသုံးမပြုသည့် အများပိုင်ကုမ္ပဏီ အဖြစ် ပြောင်းလဲဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရ သည်။

ဧရာဝတီ
တို့အာရှနှင့် ငါးမန်းတောင်ပံဈေးကွက်

တို့အာရှနှင့် ငါးမန်းတောင်ပံဈေးကွက်

အောက်ပုံမှာ ပြထားတာ ငါးခြောက်မဟုတ်ပါဘူး။ ငါးမန်တောင်ပံလို့ခေါ်တဲ့ ငါးဆူးတောင်နဲ့ ငါးရေယက် များ ဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း နာမည်ကြီးဟင်းလျာ တစ်မျိုးပါပဲ။ ငါးမန်တောင်ပံ ဟင်းချိုဆိုရင်နေရာတိုင်းမှာတောင် မရပါဘူး။ ပျှမ်းမျှအားဖြင့် ငါးမန်းတောင်ပံ ဟင်းတစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀ နီးနီးတောင် ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်မှာ ဘယ်ဈေးလည်းတော့ မသိပါဘူး။

သေချာတာကတော့ မြန်မာပြည်မှာလည်း ငါးမန်းတောင်ပံ ဟင်းချို ခေတ်စားနေဆဲ ပါပဲ။ အထူးသဖြင့် ပင်လယ်နဲ့ နီးကပ်တဲ့ မြို့ ကြီး ပြကြီးတွေမှာ ငါးမန်းဆူးတောင်ဟင်းချို၊ ဟင်းပွဲ များ ခေတ်စားပါတယ်။ သို့ပေမယ့် ယင်းဟင်းပွဲများ တကယ် ခေတ်စားကတော့ တရုတ်ပြည်မကြီး ပါပဲ။

တရုတ်ပြည်မကြီးအပြင် အရှေ့ အာရှဘက်တစ်ခြမ်းလုံး မှာ ဈေးကြီးကြီး နဲ့ ရေပန်းစားတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ တော်တော်လည်း ဆိုးဆိုးရွားရွားပါ။ ငါးမန်းသားကို တော်ရုံတော့ မစားကြပါဘူး။ အဓိက စားသုံးတာက ဆူးတောင်နဲ့ ရေယက်ဖြစ်ပြီး တစ်ကောင်လုံးကျ စွန့်ပစ်တဲ့ အလေ့အထ ပြုလုပ်ပါတယ်။

ပင်လယ်က တံငှာလှေမှာပဲ ငါးဆူးတောင်၊နဲ့ အခြား အသုံးဝင်မယ့် အစိတ်အပိုင်းကို ဖြတ်ပြီး ပင်လယ်ပြင်တဲ့ အရှင်လတ်လတ် ပြန်လွတ် ပါတယ်။

သို့ပေမယ့် မရှင်ပါဘူး။ အမြီးပြတ်၊ တောင်ပံပြတ်တဲ့ ငါးမန်းများ ရေမကူးနိုင် ပါဘူး။ နိုင်သလောက်ခတ်ရင်း သွေးမတိတ်တဲ့ ငါးမန်း များဟာ နာရီပိုင်း အတွင်းသော်လည်းကောင်း၊ ရက်ပိုင်းတွင်းသော် လည်းကောင်း သေဆုံး ပါတယ်။ ကိုယ်တိုင် မသေတောင် အခြားသော အားကြီးတဲ့ ငါးမန်နဲ့ ရေသတ္တဝါများရဲ့  တိုက်ခိုက်စားသုံးခြင်းဖြင့် သေဆုံးရပါတယ်။

ငါးမန်းတောင်ပံ ဟင်းတစ်ပွဲကို ငါးမန်း တစ်ကောင်နှုန်းနဲ့ တွက်နိုင်ပါတယ်။ ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်မှာ ငါးမန်းတောင်ပွဲဟင်း ၁၀ ပွဲစာ တစ်ရက်ရောင်းရရင် တစ်ရက် ၁၀ ကောင်ပါ။ အာရှနဲ့ အခြားသော ဥရောပ ဘက်အခြမ်းအားလုံး ဆိုင်ရေအတွက်က စုစုပေါင်းလိုက်ရင် သိန်းချီရှိတဲ့ အတွက် ငါးမန်းသေနှုန်းက တစ်ရက်ကို သောင်းနဲ့ချီ၊ သိန်းနဲ့ချီနေပါတယ်။

ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘာပဲ ကိုးကွယ်၊ကိုးကွယ် အသက်ရှိသော အခြား သူတစ်ပါးအသားကို သတ်ဖြတ်စားသောက်တယ်ဆိုတာ မဖြစ်မနေ အခြေ အနေမှာဆိုရင် အကြောင်းပြန်ချက် တစ်မျိုးမျိုးနဲ့ လက်ခံနိုင်သေးပေမယ့် ပင်လယ်မှာ သူ့ဘာသူ နေတဲ့ ငါးမန်းကို မြီးဖြတ်ပြီး ရေထဲပြန်လွတ် တာကတော့ တော်တော်ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပင်လယ်ပြန်မလွတ်လဲ ကုန်းပေါ်မှာ ဒီတိုင်း စွန့်ပစ်ပါတယ်။ ဂေဟ စနစ် တစ်ခု လည်ပတ်ဖို့ဆိုတာ ဒီစက်ဝန်းတွင်းက သက်ရှိသက်မဲ့အားလုံးက သူ့ကဏ္ဍနဲ့သူ အကျိုးရှိရှိ တာဝန်ယူနေပါတယ်။

ငါးမန်းတွေ ရှားပါးလာတာနဲ့အမျှ ကမ္ဘာအပေါ် ပြန်လည် ဆိုးကျိုး သက်ရောက်နိုင်မယ့် အချက်များစွာ ရှိနေပြီး လက်တွေ့ကျကျ ကြုံတွေ့ရမယ့် တစ်နေ့ကျမှ စာနာ နားလည်တတ်မယ်ဆိုရင် နောက်ကျလား၊ မကျဘူးလား ဆိုတာ ငါးမန်းတောင်ပံ ဟင်းချိုသောက်သုံးသူများ အား သိစေချင်ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
ရိုးရာလေး နိုင်ငံတကာ

တို့အာရှနှင့် ငါးမန်းတောင်ပံဈေးကွက်

ပုံမှာ ပြထားတာ ငါးခြောက်မဟုတ်ပါဘူး။ ငါးမန်တောင်ပံလို့ခေါ်တဲ့ ငါးဆူးတောင်နဲ့ ငါးရေယက် များ ဖြစ်ပါတယ်။

http://www.yoyarlay.com/international-news/asia/34151-shark-finning-is-so-bad-in-asia
Aye Chan Mon Re-post Date : 2013 Feb 12
News from: YoYarLay

အေးချမ်းမွန်