ဘရားဇီးနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံ ပုရွက်ဆိတ်မြို့တော် တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်း မြေပုံသည် ပုရွက်ဆိတ်ကဲ့သို အကောင်သေးများအတွက် အင်ပါယာတစ်ခုနီးပ
ါး ကြီးမားပြီး ယခုအခါ ထိုပုရွက်ဆိတ်များ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ ယင်းမြို့တော်အား တည်ထောင်ပြီး အဘယ်ကြောင့် ဆက်လက်မကျက်စားတော့သည်ကိုမှု မသိရသေးချေ။
ယင်းမြို့၏ တည်ဆောက်ပုံသည် ခိုင်ခိုင်မာမာရှိကာ၊ စနစ်တကျဖြစ်နေသည်ကို တွေ့ရသည်။ ဥပမာ- လမ်းပမ်းဆက်သွယ်ရေးအတွက် အနီးဆုံးလမ်းဖောက်ထားခြင်း၊ တစ်နေရာနှင့် တစ်နေရာ အချိတ်အဆက် ကောင်းခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် လေဝင်လေထွက် ကောင်းမွန်ရန် Ventilation system မျာ စနစ်တကျ ရှိနေသည် ကိုလည်းတွေ့ရသည်။
ထို့ကြောင့် လေ့လာသူ သုတေသီများ အံ့သြောမင်သက်ခဲ့ရပြီး ပုရွက်ဆိတ်တို့၏ ဥာဏ်ပညာကြီးမားမှုကို မယုံနိုင်စရာ ဖြစ်ခဲ့ရသည်။ မြေနေရာအနေအထားမှန်ကန်ပြီး ခိုင်ခိုင်မာမာရှိကာ ယင်းမြို့ကိုတည်ဆောက်ရန် မြေ တန် ၄၀ ခန့်အသုံးပြုထားသည်။ အပေါ်ပိုင်း လေဝင်လေထွက်နှင့် အဝင်အထွက် ဂိတ်စနစ်အတွက် ၁၀ တန်အသုံးပြုထားပြီး အတွင်းတွင် တန် ၃၀ ကျော် အသုံးပြု ထားသည်။
ထို့ကြောင့် လေ့လာတွေ့ရှိထားသမျှ ဘရာဇီးနိုင်ငံရှိ ယင်းပုရွက်ဆိတ် တွင်း (မြို့တော်)ကို ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ်မြို့တော်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
