ဟိန်းခိုင်ထွန်း၊ ၊ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအေ
ာင်လှိုင် ဧပြီလ၈ ရက်နေ့က ကျင်းပသည့် ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်းဆင်း ဗိုလ်လောင်းများကို မိန့်ခွန်း ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။
ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါ ရာထူးကို ပြီးခဲ့သည့် လက လက်ခံခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော် အနေဖြင့် အမြဲ သတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ် ပေါင်းစုံနှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်”ဖြစ်ကြောင်း သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင်က ဗထူးတပ်မြို့ ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ဒုကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်အေး တက်ရောက်ပြီး၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်ရောက်သည်။
နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသည့် အရာရှိကြီး တစ်ဦးက FNG သို့ ပြောကြားရာတွင် ပြည်ထောင်စု အစိုးရမှ ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင့်ဦးနှင့် ဗိုလ်ချုပ် ကြီးမင်းအောင်လှိုင်တို့မှာ ကျောင်းတော်က ရန်စရှိခဲ့သူများဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရတို့ အာဏာပြိုင် ဆိုင်မှုများ နောက်ပိုင်းတွင် ပြင်းထန်လာနိုင်သည်ဟု တပ်မတော် အရာရှိဟောင်းများက သုံးသပ်ကြသည်။ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်ထဲ၌ ၎င်းထက် ပို၍ အတွေ့ အကြုံရင့်သူများ ကို ကျော်ဖြတ်ပြီး နေရာရခဲ့ခြင်းကြောင့် အချို့က မကျေနပ်ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ၎င်း၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး မထမ်းဆောင်လို၍ ရာထူးမှ နှုတ်ထွက်ခဲ့သည်။
၎င်းသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လူယုံတစ်ဦးဖြစ်ပြီး မည်မျှထိ ယုံရမည် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြောင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးတပ်မှ အရာရှိတစ်ဦးက Freedom News Groupသို့ ပြောသည်။
မြန်မာ့တပ်မတော်၏ အကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ(List of Commander in Chief in Burma)
၁. ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ် အဖွဲ့ဝင်နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)
၂. ဗိုလ်မှုးချုပ် လက်ျာ ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ် အဖွဲ့ဝင်နှင့် မြန်မာ့တပ်မတော် တည်ထောင်သူများတွင် ပါဝင်) (လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)
၃.ဗိုလ်ချုပ်ကြီးနေ၀င်း ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် မြန်မာ စစ်တပ်ကို အင်အား ပိုမိုကောင်းလာရန် လုပ်ဆောင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း စက်ရုံများ နိုင်ငံ တွင်း စတင်တည်ထောင်ကာ ပြည်ပနိုင်ငံများမှ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုကို စတင်ခဲ့
၎. ဗိုလ်ချုပ်ကြီးစန်းယု ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌနှင့် သမ္မတဖြစ်လာသည်
၅. ဗိုလ်ချုပ်ကြီးသူရတင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်းတွင် အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့သည်)
၆. ဗိုလ်ချုပ်ကြီးသူရကျော်ထင် ၀၆.၀၃.၁၉၇၆ မှ ၀၃.၁၁.၁၉၈၅ (ဗမာ့ကာကွယ်ရေး တပ်မတော်ကို ၁၉၄၃ ခုနှစ်တွင် တပ်သားအဖြစ်မှ စတင်ဝင်ရောက်ခဲ့သည့် တစ်ဦးတည်း သော ကာကွယ်ရေး ဦးစီးချုပ်ဖြစ်)
၎င်းသည် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း သူ၏ ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းတွင် ပူးတွဲယူခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရအေးကိုလည်း ၎င်းကာကွယ်ရေးဦးစီးချုပ် တာဝန်ယူစဉ် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
၎င်းလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာနကို ပိုမိုအဆင့်မြှင့်ခဲ့ပြီး စစ်တိုင်းအချို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ကာ တပ်မတော်ဖွဲ့စည်းပုံအချို့ကို ပြောင်းလဲခဲ့သည်
၇. ဗိုလ်ချုပ်မှုးကြီးစောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ (၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင်ဖြစ်သည်)
၈. ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ (စစ်တိုင်းများ ဆက်လက် တိုးချဲ့ခဲ့ပြီး ပြည်ပမှ စစ်လက်နက်များ ၀ယ်ယူခဲ့သည်။ လွှတ်တော်တွင် စစ်သားအများစု နေရာ ယူထားနိုင်အောင် စီစဉ်ခဲ့ပြီး၊ စစ်ထောက်လှမ်းရေးအဖွဲကို ဖျက်သိမ်းခဲ့သည်)
၉. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁ (တာဝန်ထမ်းဆောာင်ဆဲ)from facebook
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
