ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက ‘ပထမ’ များစွာ နဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု လှုပ်ရှားမှုတွေ ရှိလာတာကိုတွေ့ ရပါတယ်။ ကြော်ငြာ၊ဘေဘုတ်၊ အလှဓာတ်ပုံတွေကို တောက်လျှောက် ရိုက်လာသလိုပဲ ကိုယ်တိုင်အားကျခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးရဲ့ ကမ်းလှမ်းမှုကြောင့် ပထမဆုံး ဗီစီဒီရိုက်ကူးဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
အခုအချိန်မှာလည်း နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ကမ်းလှမ်းမှုကြောင့် ပထမဦးဆုံး ဇာတ်ကား ရိုက်ကူး မှာဖြစ် ကြောင်းပြော ပြခဲ့ ပါတယ်။ နန်းခင်ဇေယျာအခု ရိုက်ကူးမယ့် ဇာတ်ကား ကို လက်ခံဖြစ်ပုံနဲ့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို မေး ကြည့်တော့
“ရိုက်ရမယ့်ကာရိုက်တာ မသိရသေးပါဘူး။ ကာရိုက်တာမသိဘဲနဲ့ လက်ခံဖြစ်ပုံကတော့ ဦးကျော်သူက ဖုန်းဆက်ပြီးပြောတော့ ဒါပရဟိတပွဲပဲ နန်းခင်ဇေယျာ လုပ်မှာပေါ့။ ဒါပထမဆုံး ဇာတ်ကားပါ။ ကိုယ်တန်ဖိုး ထားတဲ့ အနုပညာနဲ့ ကိုယ်မြတ်နိုးတဲ့ ပရဟိတအလုပ်မှာ ပေါင်းပြီး လုပ်ဆောင်ခွင့် ရတော့ ပျော်တာပေါ့။ ကျွန်မလက်ခံတဲ့အတွက် ဦးကျော်သူက အမြန်ဆုံး ရိုက်မှာပါ။ ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့လုပ်မယ်ဆိုတော့ ဝမ်းသာတယ်။ ရင် လည်းခုန်နေပါတယ်။ အခု ပရဟိတပွဲမှာ သရုပ်ဆောင် ရတော့မယ် ဆိုတော့ ပထမဆုံး ဇာတ်ကားမို့ ကိုယ့်ကိုယ်ကိုယ် တအား ကြိုးစားရမယ်ဆိုတဲ့ အသိဝင်လာတယ်။ ရင်ခုန်စွာနဲ့ ပြင်ဆင်နေမှာပါ။ ဘယ်တော့စရိုက်မှာလဲ ဆိုတာတော့ မသိသေးဘူး။ ကာရိုက် တာတောင် မသိသေးပါဘူး။ ၂ဝ၁၃ဇန်နဝါရီ လထဲမှာပဲ ပရဟိတခရီးတစ်ခုသွားမယ်။ ဘာခေါင်းစဉ်နဲ့ရိုက်မလဲတော့ မသိသေးဘူး။ ဧည့်လမ်းညွှန် အလုပ်ကိုတော့ ၁၆ရက် ကနေ ၂၃ရက်နေ့အထိ ကျွန်မ အလုပ်တစ်ခု လက်ခံထားပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ထူးထူး၊
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရုံတင် ပြသတော့မည့် ပန်း ကြာဝတ်မှုံ ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်က မြင်းခြံမြို့ရှိ
ဝန်ကြီးသမီးနှင့် အဆိုတော်ရဲလေး လက်ထပ်ပြီ Thursday, May 2, 2013 အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြ (သမ္မတရုံးဝန်ကြီး သမီး) နဲ့ ဖေဖော်ဝါရ
Miss Myanmar International 2013 ပဏာမရွေးချယ်ပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ Miss Myanmar International 2013 ပဏာမရွေးချယ်ပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဖေေ
ဒေါ်မာမာအေး၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ရာသီဥတုကြောင့် ပရိသတ်များအဆင်မပြေဖြစ်မည်ကို သမီးဖြစ်သူပူပန် ရန်ကုန်၊ ဇန်န၀ါရီ ၁၂ ယနေ့(ဇန်န၀ါရီ ၁၂) ရက် ညတွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည့် ပြည်တော်ပြန် အဆ
ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ သက်မွန်မြင့် Sunday, May 19, 2013 ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှလိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့
မင်္ဂလာပွဲကို စောစီးစွာ ကျင်းပရန် ဂျနီဖာ အင်နစ္စတန် စီစဉ်လျက်ရှိ ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးချော ဂျနီဖာ အင်နစ္စတန်သည် ၎င်း၏ ပြိုင်ဘက် အိန်ဂျလီနာ ဂျိုလီအား အနိုင် ရရန်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)